
နိုင်ငံခြားရေးနှင့်သံတမန်ရေးရာကိစ္စရပ်များစီမံခန့်ခွဲရန် ဖြည့်စွက်တာဝန်ပေးအပ်ခြင်း ------------------- ၂၀၂၁ခုနှစ်၊မတ်လ ၃ရက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၁) ၁၃၈၂ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် (၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်) နိုင်ငံခြားရေးရာနှင့်သံတမန်ရေးရာ ကိစ္စရပ်များ စီမံခန့်ခွဲရန် ဖြည့်စွက်တာဝန်ပေးခြင်း နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းအား လက်ရှိ ဆောင်ရွက်နေသည့် တာဝန်ဝတ္တရားများအပြင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးရာ နှင် သံတမန်ရေးရာ ကိစ္စရပ် များကိုပါ စီမံခန့်ခွဲနိုင်ရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ သဘောတူညီချက်ဖြင့် တာဝန်ပေးအပ်လိုက်သည်။ (ပုံ) ဇင်မာအောင် ခေတ္တပြည်ထောင်စုဝန်ကြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် Credit: