No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ပဲခူးမြို့မှာ မနက်ထဲကပိတ်မိနေတဲ့သပိတ်စစ်ကြောင်း လက်ရှိတင်းမာနေဆဲ ၇ ဦးဒဏ်ရာရ ၁ ဦးကျဆုံး ပဲခူးမြို့မှော်ကန် ရပ်ကွက် ဆိုရှယ်လစ်ရပ်ကွက်ထိပ်တို့မှာ မနက်ကတည်းက ပိတ်မိနေတဲ့သပိတ်စစ်ကြောင်းကို အာဏာသိမ်း စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ၂ ဖက်ပိတ်ပြီး ပစ်ခက်ဖြိုခွင်းတဲ့အတွက် ၇ဦးထက်မနည်း ဒဏ်ရာရရှိထားပြီး အဲဒီထဲက ၁ ဦးဘယ်ဘက်ရင်အုံကြည်ထိမှန်ပြီး ကျဆုံးသွားကြောင်း ကနဦးသိရပါတယ်။ ဒဏ်ရာရသူတွေကိုတော ပရဟိတအဖွဲ့တွေကနေ အပြင်ကိုသယ်ထုတ်ပေးနေပြီး လက်နက်ကိုင်တပ်ဖွဲ့တွေကိုလည်း အပြင်ကပြည်သူတွေကပြန်လည်ပိတ်ဆို့ပြီးဝိုင်းထားတဲ့အတ့က် လက်ရှိအချိန်နေ့ခင်း ၁၂ နာရီခွဲပြီးတဲ့အချိန်အထိ ၂ ဖက်တင်းမာနေဆဲဖြစ်ပြီး ရဲတပ်ဖွဲ့ဘက်ကလည်း ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆန္ဒပြအဖွဲ့မှာပါဝင်သူ ၁ ဦးကပြောပါတယ်။ နေ့ခင်း ၁ နာရီလောက်မှာတော့ လက်နက်ကိုင်တပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာသွားကြသလို ဆန္ဒဖော်ထုတ်သူ ၁၀ ဦးထက်မနည်းဖမ်းဆီခံထားရပါတယ်။ #dvbtvnews #Pegu #BlackFlag #protest #whatishappeninginmyanmar Credit: