
Apple ဟာ iPhone အသစ်ဖြစ်တဲ့ iPhone 12 နဲ့ ၂၀၂၀ ထုတ် iPhone နဲ့ ချိတ်ဆက်ထားတဲ့ MagSafe Charger ကို နှလုံးခုန်စက် ဒါမှမဟုတ် ခွဲစိတ်ကုသပြီး ထည့်သွင်းရတဲ့ နှလုံးခုန်စက် (ICD) အနားမှာထားရင် အန္တရာယ်ရှိကြောင်း သတိပေးထားပါတယ်။ အခု အသစ်ထွက်လာတဲ့ သတိပေးချက်မှာတော့ ဘယ် iPhone ကိုမဆို နှလုံးခုန်စက်နဲ့ ၆ လက်မ ပတ်ဝန်းကျင်မှာ ထားတာ ဒါမှမဟုတ် ၁၅ လက်မ ပတ်ဝန်းကျင်အတွင်း ကြိုးမဲ့အားသွင်းထားရင် အန္တရာယ်ဖြစ်နိုင်တယ်လို့ ထုတ်ပြန်လိုက်ပါပြီ။ သတိပေးချက်အသစ်အရ iPhone 12 တင်မကဘဲ အခြား iPhone မော်ဒယ်တွေကလည်း အန္တရာယ်ဖြစ်နိုင်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က Heart Rhythm ဂျာနယ်က MagSafe နဲ့ iPhone 12 ကို အသက်ကယ် နှလုံးခုန်စက်တပ်ထားသူအနား သွားထားမိရင် နှလုံးခုန်စက်လုပ်ဆောင်ချက်ကို အနှောင့်အယှက်ပြုနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ Apple ရဲ့သတိပေးချက်အသစ်အရ MagSafe မသုံးလည်း iPhone 12 အပြင် iPhone 11, iPhone X နဲ့ အခြား iPhone ဖုန်းတွေကို နှလုံးခုန်စက်အနား ထားတဲ့အခါမှာ အန္တရာယ်ရှိနိုင်တာပါ။ ဒါကြောင့် iPhone သုံးစွဲသူတွေအနေနဲ့ နှလုံးခုန်စက်တပ်ထားသူအနားမှာ ဖုန်းအသုံးမပြုဖို့ သတိထားကြပါနော်။ #iPhone12 #Apple #iPhone #Notice #DoNotUseNearICD #Knowledge #ShopICT #Myanmar Crd