No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ကျွန်တော်တို့က အဲလိုမျိုးလက်မခံနိုင်ပါဘူး။ ကျွန်တော်တို့က မေတ္တာရပ်ခံပြီးတော့ ကမ်းလှမ်းတယ်၊ တောင်းဆိုကြတယ်။ ပြည်သူ့ဝန်ထမ်းတွေကို အပြစ်ရှိသလိုမျိုးကို ကျွန်တော်တို့ဆန့်ကျင်ပါတယ်။ သူတို့သဘောနဲ့သူတို့ ပူးပေါင်းလာဖို့ကို ကျွန်တော်တို့က ဖိတ်ခေါ်တာပါ။ ဒီအတွက် စိတ်ပိုင်းဆိုင်ရာဒုက္ခ၊ ရုပ်ပိုင်းဆိုင်ရာဒုက္ခတွေ သူတို့မှာရှိတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်၊ နားလည်ပါတယ်။ ဒီစိတ်ပိုင်းဆိုင်ရာဒုက္ခ၊ ရုပ်ပိုင်းဆိုင်ရာဒုက္ခတွေကို အပြည့်အဝကူညီဖို့ အသင်းအဖွဲ့တွေရှိပါတယ်။ လက်ရှိ ကျွန်တော့်ကိုလည်း CDM ဝန်ထမ်းတွေအတွက် လှူချင်လို့ ဆက်သွယ်လာသူတွေအများကြီးရှိပါတယ်။ NLD ဘက်ကလည်း သူတို့ကို ဥပဒေထုတ်ပြီးကာကွယ်ဖို့ အာမခံထားတာရှိပါတယ်။ ကြောက်စိတ်ကတော့ရှိမှာပါပဲ။ လုပ်သင့်လုပ်ထိုက်တာကိုတော့ လုပ်ရမှာပါ။ ခေတ်ဝန်ကိုထမ်းပြီးတော့ ခေတ်လမ်းကိုလျှောက် တာဝန်သိစိတ်လေးနဲ့ ကျွန်တော်တို့ ပြည်သူ့ရင်ကို လှမ်းလာပါလို့ ပြောချင်ပါတယ်။ Credit: