
ရန်ကုန်မှာ ပိုးတွေ့သူလျော့လာလို့ ဘတ်စ်ကားစီးရေတိုးပြီး ပြေးဆွဲပေးနေ ဇန်နဝါရီ-၁၁၊ ၂၀၂၁ ရန်ကုန်မှာ အခုလပထမပတ်ကစတင်ပြီး နေ့စဉ်ဘက်စ်ကားစီးရေ ၃၀၀၀ကျော်အထိ ပြန်လည်ပြေးဆွဲပေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ထံက သိရပါတယ်။ ရန်ကုန်မှာ ပိုးတွေ့လူနာများပြားတဲ့ကာလတုန်းကအစီးရေ ၂၀၀၀ကျော် လောက်နဲ့ပြေးဆွဲချိန်တွေကို လျှော့ချခဲ့တာပါ။ အခုလပထမပတ်ကစတင်ပြီးအစီးရေ ၁၀၀၀ကျော်ထပ်တိုးပြီး ပြေးဆွဲပေးနေတာလည်းဖြစ်ပါတယ်။ ဘက်စ်ကားစီရေတိုးချဲ့ထားပြီး ကားအစီးရေရဲ့ လေးပုံသုံးပုံလောက်ပြန်လည်ပြေးဆွဲပေးနေတဲ့အခြေအနေမှာခရီးသည်ဦးရေကတော့ ထင်သလောက်တိုးတက်လာခြင်းမရှိဘဲ တစ်နေ့ကိုလေးသိန်းခွဲကနေ၅သိန်းလောက်ထိ စီးနင်းမှုသာရှိသေးတယ်လို့ YRTAဥက္ကဌ ဒေါက်တာမောင်အောင်ကဆိုပါတယ်။ ကပ်ရောဂါကာလမတိုင်ခင်ကတစ်ရက်ကို ခရီးသိန်း ၁၈သိန်းလောက်စီးနင်းတယ်လို့သိရှိရတာပါ။ ရန်ကုန်တိုင်းဒေသကြီးမှာ YBSယာဉ်လိုင်းပေါင်း (၁၀၀) နီးပါး ရှိပြီယာဉ်စီးရေ (၄၀၀၀) ကျော်လောက်ရှိတာပါ။ အခုလကုန်လောက်မှာတော့ ရှိသမျှ ကားအစီးရေအားလုံး ရာနှုန်းပြည့်ပြန်လည်ပြေးဆွဲနိုင်ဖို့ YRTAကရည်ရွယ်ထားတာပါ။ ဒါ့အပြင်ယာဉ်လမ်းကြောင်းသစ်တွေနဲ့ ယာဉ်လိုင်းသစ်တွေတိုးချဲ့ဖို့ပြင်ဆင်နေတာတွေလည်း ရှိတယ်လို့သိရပါတယ်။ သတင်း-မိုးညို