No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

သာကေတ မြင်တော်သာလမ်းပေါ်က သပိတ်စစ်ကြောင်း အကြမ်းဖက် ဖြိုခွင်းခံရ သာကေတမြို့နယ် မြင်တော်သာလမ်းမပေါ် ကျန်းမာရေးမှတ်တိုင်အနီးက သပိတ်စစ်ကြောင်းကို မတ်လ ၁၉ ရက်နေ့ မှာ အာဏာသိမ်း စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့တွေက လာရောက်အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။ အဲ့လိုအကြမ်းဖက်ဖြိုခွင်းရာမှာ မျက်ရည်ယိုဗုံး အသံဗုံးတွေ ပစ်ဗောက်ခဲ့သလို ရာဘာကျည်အပြင် ကျည်အစစ်တွေနဲ့ပါ ပစ်ခတ်ဖြိုခွင်းခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပစ်ခတ်မှုကြောင့် ဒဏ်ရာ ရရှိသူ ၃ဦး အခြေအနေစိုးရိမ်ရတဲ့အပြင် ဆန္ဒပြပြည်သူ ၃ ဦး ထက်မနည်း ရိုက်နှက်ဖက်ဆီးသွားတယ်လို့ သိရပါတယ်။ သာကေတမြို့နယ်မှာတော့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ကန့်ကွက် ဆန္ဒပြမှုတွေကို နေ့စဉ် ပြုလုပ်နေတကြတာ ဖြစ်ပါတယ်။ #dvbtvnews #tarkayta #protest #RejectMilitaryCoup #whatishappeninginmyanmar Credit: