No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဇွန်၆ရက်နေ့က CDF မင်းတပ်နှင့်စကစအဖွဲ့ဝင်များတိုက်ပွဲဝင် ၊ စကစမှ(၅၀)ခန့်ကျဆုံး၊ CDF မင်းတပ်မှ(၃)ဦးကျဆုံး။ ဇွန်လ ၇၊၂၀၂၁။ CDF မင်းတပ်မှလည်း ၃ ဦး ကျဆုံးပြီး ဒဏ်ရာရသူ ၂၀ ဝန်းကျင် ရှိသည်။ဘုရားစခန်းရွာ အောက်ဘက် ချောင်းဆုံအနီးတဝိုက်တွင် ဖြစ်သောတိုက်ပွဲ၌ စကစတပ်များ ၄၀ ခန့်ကျဆုံးခဲ့သည်။ ချောင်းဆုံတိုက်ပွဲတွင် စကစတပ်များသည် မင်းထို့အပြင်တပ်မြို့ အရှေ့ပြင်မီးသတ်ကုန်း၊ ဘောင်ထဲရွာ၊ ကျောက်ထုအမြှေက်တပ် စသည်တို့မှ ပစ်ကူသည့်အပြင် ေလယဥ်ဖြင့် ဗုံး ၂ ကြိမ် ကြဲခဲ့သည်။ စကစတပ်များသည် ဓာတုလက်နက်များ အသုံးပြုသည်ကို တွေ့ရသည်။ ချောင်းဆုံတိုက်ပွဲတွင် CDF-မင်းတပ်မှ ရဲဘော် ၂ ဦး (ထန်းမာန် - စိချဲ့နှင့် ဟာဖေ - မရှိန်းလှော်) တို့ ကျဆုံးပြီး ဒဏ်ရာရသူ ၆ ဦးခန့်ရှိသည်။ ယှက်ရွာတိုက်ပွဲတွင်လည်း တိုက်ပွဲဖြစ်သော ခင်ရိုးကို စကစတပ်များက ၂၇၄ တပ်ရင်းမှ လှမ်း၍ လက်နက်ကြီးဖြင့် မနားတမ်းပစ်ကူခဲ့သည်။ စကစဘက်မှ ၁၀ ဦးခန့် ကျဆုံးမည် ဟု ခန့်မှန်းရပြီး ဒဏ်ရာရသူများလည်းရှိသည်။ မင်းတပ် CDF ဘက်မှ တစ်ဦး (ရဲဘော် ငိုင်းရှိန်းမာန် - ဝကောက်) ကျဆုံးပြီး ဒဏ်ရာရသူ ၁၅ ဦးခန့် ရှိသည်။ တိုက်ပွဲ ၂ ခုလုံးသည် မနက် ၁၀ နာရီတွင် စတင်ခဲ့ပြီး စကစတပ်များက အချိန်ကိုက်လုပ်ဆောင်ခဲ့သ ည်ဟု ခန့်မှန်းရသည်။ သတင်း- မင်းတပ်ပြည်သူ့ကာကွယ်ရေးနှင့်သတင်းထုတ်ပြန်ရေး Credit: