
ရေဝေးသုသာန်မှာ မီးသင်္ဂြိုဟ်စက် စတင်တည်ဆောက်နေတဲ့မြင်ကွင်း (ဇူလိုင် ၂၉ရက်) DVB ရေဝေးသုသာန် ခန်းမ ၁(က) နဲ့ ၁(ခ) နှစ်ခုအကြား၊ အနောက်ဘက်မှာ စစ်ကောင်စီက မီးသင်္ဂြိုဟ်အသစ်တည်ဆောက်နေတာဖြစ်ပါတယ်။ လက်ရှိ မီးသင်္ဂြိုဟ်စက်ဖြစ်တဲ့ အမှတ်(A) မီးသင်္ဂြိုဟ်စက် အနောက်ဘက်ဖြစ်ပါတယ်။ စစ်ကောင်စီက ရန်ကုန်သုသာန်တွေမှာ တရက်ကို ရုပ်အလောင်း ၃၀၀၀ ကျော်အထိ မီးသင်္ဂြိုဟ်နိုင်မယ့် မီးဖို ၁၀လုံးကို တပြိုင်တည်းတည်ဆောက်နေတယ်လို့ ဇူလိုင် ၂၇ရက်နေ့ MRTV သတင်းမှာ ကြေညာခဲ့ပါတယ်။ ရေဝေးသုသာန် တစ်ခုတည်းမှာ ၅ ပေါက်တွဲ ၂တွဲပါဝင်တဲ့ မီးဖို ၅လုံးအသစ်တည်ဆောက်နေပြီး လူ ၅၀ကို ၁နာရီအတွင်း မီးသင်္ဂြိုဟ်နိုင်မယ်လို့ ဆိုပါတယ်။ ရေဝေး ၁နေရာထဲမှာ တစ်ရက်ကို ရုပ်အလောင်း ၁၀၀၀ ကျော်အထိ မီးသင်္ဂြိုဟ်နိုင်မယ်လို့လည်းဆိုပါတယ်။ စစ်ကောင်စီက ပြည်သူတွေအတွက် ကာကွယ်ကုသရေးမဆောင်ရွက်ဘဲ အခုလိုစီစဉ်တာကို ကြားသိရတဲ့အတွက် အံ့ဩစိတ်ပျက်မိတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပရဟိတသမားတွေက ဝေဖန်နေကြပါတယ်။ #dvbtvnews #yangon #COVID19 #WhatIsHappeningInMyanmar Credit: