No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

သွေးထွက်သံယိုအများဆုံးနေ့အဖြစ် ကုလနဲ့ အီးယူရှုတ်ချ ~~~~ ■ မတ်လ ၂၇ ရက်နေ့ဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက ဆန္ဒပြသူတွေ ပစ်ခတ်ဖြိုခွင်းခံရမှု အတွင်း သေဆုံးမှုအများဆုံးနေ့ဖြစ်ပါတယ်။ ဒီနေ့တရက်တည်းမှာတင် သေဆုံးသူ အနည်းဆုံး ၉ဝ ကျော်ရှိ သွားနေပြီလို့ မျက်မြင်တွေ့ရှိသူတွေနဲ့ သတင်း မီဒီယာတချို့မှာ ဖော်ပြနေပါတယ်။ RFA က သီးခြားအတည်ပြု နိုင်ဖို့ ဆက်လက် ကြိုးစားနေပါတယ်။ အခုလို သေဆုံးမှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းပေါင်း ၂၁ ဖွဲ့က ပူးတွဲထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ နိုင်ငံအနှံ့ စစ်တပ်က လူပေါင်း ဒါဇင်နဲ့ချီကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ အတွက် အကြောင်းမဲ့ အသက်ဆုံးရှုံးမှုဖြစ်ခဲ့ပြီး အာဏာသိမ်းစဉ်အတွင်း သွေးထွက်သံယို အများဆုံးနေ့ရက်လို့ သိရတဲ့အတွက် လွန်စွာ အံ့သြတုန်လှုပ်မိပါ တယ်လို့ ဖော်ပြထားပါတယ်။ ဥရောပသမဂ္ဂ (EU) ကလည်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး၊ ၇၆ ကြိမ်မြောက် တပ်မတော်နေ့ဟာ “အကြမ်းဖက် နေ့၊ ဂုဏ်ကြက်သရေ ညှိုးနွမ်းဖွယ်ရာနေ့” အဖြစ် ထာဝရ မှတ်ကျောက်တင်တော့မယ်လို့ ပြောဆိုလိုက်ပါတယ်။ ကလေးငယ်တွေအပါအဝင် လက်နက်မဲ့ အရပ်သားတွေအပေါ် သတ်ဖြတ်နေတဲ့လုပ်ရပ်ကို ဖုံးကွယ်ထားလို့ မရနိုင်ကြောင်းနဲ့ EU အနေနဲ့ ရဲစွမ်းသတ္တိရှိတဲ့ ပြည်သူတွေနဲ့ အရင်ကထက် ပိုပြီး ရပ်တည်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေအားလုံးကို ချက်ချင်းရပ်ဖို့နဲ့ ဒီမိုကရေစီ ပြန်အသက်သွင်းဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။ Credit: