
မြန်မာ့အရေး လူ့အခွင့်အရေးကောင်စီမှာ အထူးအစည်းအဝေးခေါ်ဖို့တိုက်တွန်း ~~~~ ■ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် နောက်ဆက်တွဲ နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အထူးအစည်းအဝေး ခေါ်ယူဖို့ ဥရောပသမဂ္ဂ (EU) နဲ့ ဗြိတိန်နိုင်ငံတို့က ပူးတွဲတောင်းဆိုလိုက်ပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေအပေါ် ကြီးမားတဲ့ အကျိုးဆက်တွေ ရှိနေတာကြောင့် အထူးအစည်းအဝေး ခေါ်ယူဖို့ တင်ပြထားကြောင်း ဗြိတိန်သံအမတ်ကြီး Julian Braithwaite က ဒီကနေ့ပဲ ပြောလိုက်တာပါ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကတော့ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ အစိုးရခေါင်းဆောင်တွေကို ချက်ခြင်းပြန်လွှတ်ဖို့ ပြီးခဲ့တဲ့ တပတ်ထဲမှာပဲ တခဲနက်တောင်းဆိုထားပါတယ်။ Credit: