No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ပုသိမ်မြို့မှာ လက်လုပ်မိုင်းပေါက်ကွဲမှု ဖြစ် =======================- ပုသိမ်မြို့အမှတ် ၃ရပ်ကွက် စကားဝါလမ်း၊ပါဋိတက္ကသိုလ်ကျောင်းအနီး က ပရိဘောဂပြုလုပ်တဲ့အလုပ်ရုံ အပေါ်ထပ်မှာ ဒီနေ့ မနက်က လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးတဲ့ အခါ နှစ်ဦး ထွက်ပြေးတိမ်းရှောင်နေကြောင်းသတင်းအရ လိုက်လံရှာဖွေတဲ့ အခါ ပုသိမ်စက်တော်ရာဘုရားဝန်းထဲ ဒဏ်ရာ​တွေနဲ့ လူနှစ်ဦးကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးအနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကာ စိုးရိမ်ရတဲ့အနေအထားရှိခဲ့ပြီး ဒဏ်ရာအနေအထားများအရ လက်လုပ်ဗုံးပြုလုပ်နေစဥ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းယူဆရသဖြင့် ဒဏ်ရာရရှိသူ ၂ဦးလုံးကို ပုသိမ်မြို့အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်ဆေးရုံသို့ ပို့ဆောင် ကုသမှုပေးနေတယ်လို့ လတ်တလောသတင်းများအရ သိရပါတယ်။ CJ Credit: