No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

တရုတ်နိုင်ငံ ကူးစက်ရောဂါဌာန CDC ရဲ့အဆိုအရ ကိုဗစ်ကာကွယ်ဆေး ထိုးနေတဲ့နေရာတွေရှိ စားပွဲခုံတွေ၊ နံရံ၊ တံခါးလက်ကိုင်နဲ့၊ စင်္ကြံလမ်းတွေမှ နမူနာယူစမ်းသပ်စစ်ဆေးရာမှာ ကိုရိုနာဗိုင်းရပ်စ် အစအနတွေကို တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီ ကိုရိုနာဗိုင်းရပ်စ်အစအနတွေကို Genome Sequencing လုပ်ပြီး မျိုးဗီဇလိုက်ကြည့်ရာမှာ တရုတ်ကာကွယ်ဆေးထဲမှာပါတဲ့ ကိုရိုနာဗိုင်းရပ်စ်အသေကောင်တွေနဲ့ မျိုးဗီဇတူနေတာကိုတွေ့ရပါသတဲ့။ သို့သော် အခုတရုတ်ပြည်မှာပြန့်ပွားနေတဲ့ ဗီဇမျိုးနဲ့မတူပါဘူးတဲ့။ ဒါကြောင့် ကူးစက်ရောဂါဖြစ်ပွားမှာ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။ တရုတ်ပြည်ရဲ့ ကိုဗစ်ကာကွယ်ဆေးတွေဖြစ်တဲ့ Sinovac နဲ့ Sinopharm တို့ရဲ့ကာကွယ်ဆေးတွေမှာ ကိုဗစ်ဗိုင်းရပ်စ်အသေကောင်တွေကို သုံးထားပါတယ်။ Inactivated ကိုဗစ် ကာကွယ်ဆေးလို့ ခေါ်ပါတယသုံးထားပါတယ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းဖြစ် Bharat Biotech ရဲ့ ကိုဗစ်ကာကွယ်ဆေးဟာလည်း အဲ့ဒီလိုပဲ Inactivated ကိုဗစ် ကာကွယ်ဆေး အမျိုးအစားဖြစ်ပါတယ်။ Credit: