
မြန်မာတရုတ်နယ်စပ်မှာ တရုတ်ဘက်က မြေထိန်းနံရံဆောက်လုပ်မှု မြန်မာ ကန့်ကွက် ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ပန်ဆိုင်းမြိုနယ်ထဲက မြန်မာ-တရုတ် နှစ်နိုင်ငံနယ်ကြားမှတ်တိုင် 90(2) နဲ့ 90(1) ကြား တရုတ်နိုင်ငံဘက်က မီတာ ၃၀၀ ခန့် မြေထိန်းနံရံဆောက်လုပ်ဖို့ပြင်ဆင်နေပါတယ်။ ဒီလုပ်ဆောင်မှုနဲ့ပတ်သက်လို့ မြို့နယ်အာဏာပိုင်တွေက ကန့်ကွက်ထားပါတယ်။ ဒီလို ဆောင်ရွက်မယ်ဆိုရင် နှစ်နိုင်ငံအစိုးရချင်း ကြိုတင်အကြောင်းကြားညှိနှိုင်းသဘောတူဆောင်ရွက်ဖို့ ဖြစ်ပြီး ဒီလိုသဘောတူညှိနှိုင်းဖို့လည်း တရုတ်ဘက်က ပျက်ကွက်သလို မြေပြင်ဆောင်ရွက်ချက်တွေဟာလည်း သတ်မှတ်ချက်တွေကို ကျော်လွန်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ဒါကြောင့် ဒီမြေထိန်းနံရံတည်ဆောက်မှုနဲ့ပတ်သက်ပြီး ပန်ဆိုင်း ကြူကုတ် မြို့ တာဝန်ရှိတွေက မူဆယ်မြို့နယ်အဆင့်ကို တင်ပြထားပြီး မူဆယ်မြို့နယ် ခရိုင်အဆင့်တာဝန်ရှိသူတွေက တရုတ်အစိုးရထံ အဆင့်အလိုက် အကြောင်းကြားကန့်ကွက်ခြင်း ပြုလုပ်မယ်လို့ သိရပါတယ်။ ဒီသတင်းအပါအဝင် ဘီဘီစီရဲ့ နောက်ဆုံးရသတင်းများတိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-58396049 ဓာတ်ပုံ-CJ တရုတ်ဘက်ကမြေထိန်းနံရံတည်ဆောက်နေမှုမြင်ကွင်း Credit: