
ညောင်ဦးမြို့ ပင်မသပိတ်စစ်ကြောင်း စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ချီတက်ဆန္ဒပြ DVB ညောင်ဦးမြို့မှာ မေလ ၂၅ ရက်နေ့ မနက်ပိုင်းက စစ်အာဏာရှင်အမြစ်ပြတ် ပြုတ်ကျရေးအတွက် နွေဦးတော်လှန်ရေး ပင်မသပိတ်စစ်ကြောင်းဟာ ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေက ဘုရားတွေထိ ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ မြို့ခံတစ်ယောက်က DVB ကို ပြောပါတယ်။ ဒါ့အပြင် စစ်ကျွန်ပညာရေးစနစ်အလိုမရှိကြောင်းကိုလည် ဆက်တိုက်လှုပ်ရှားနေပြီးတော့ စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ထုတ်နိုင်ရေးအတွက် နေ့စဥ်ရက်ဆက်ဆိုသလို အခက်အခဲ အတားအဆီးတွေကြားက နည်းလမ်းပေါင်းစုံနဲ့ သပိတ်တိုက်ပွဲ ဆင်နွှဲနေကြတယ်လို့ ဆိုပါတယ်။ #DVB #news #ညောင်ဦး #SpringRevolution #WhatsHappeningInMyanmar #RejectMilitaryCoup #NoFlyZoneInMyanmar #ReleaseTheDetainees #CrimesAgainstHumanity #HumansAreNotShields #GlobalArmsEmbargo Credit: