No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ရန်ကုန်တိုင်းဒေသကြီး၏ ပထမဆုံး နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာဖွင့်လှစ် ==================================== ရန်ကုန်တိုင်းဒေသကြီး၏ ပထမဆုံး နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာဖြစ်သော မြနန္ဒာနိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာကို ဇန်နဝါရီလ ၂၈ရက်(ယနေ့)တွင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အိမ်ရာကိုရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ (၇၃) ရပ်ကွက် ရွှေလီလမ်းနှင့် မြနန္ဒာ လမ်းထောင့် ရှိ မြေ ၆ ဧကခန့်ပေါ်တွင် တည်ဆောက်ထား ခြင်းဖြစ်ပြီး ၂၀၁၈-၂၀၁၉ ခုနှစ် အစိုးရ ဘတ်ဂျက် ဖြင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှု၊ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြ နှင့်အိမ်ရာဦးစီးဌာန ၏လမ်းညွှန်မှုတို့ဖြင့်ဆောက်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တည်ဆောက်ရခြင်း ရည်ရွယ်ချက်မှာ နိုင်ငံ့ဝန်ထမ်းများအားဈေးနှုန်းသက်သာစွာ နေထိုင်နိုင်ရန် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် လမ်းညွှန်ထားသောကြောင့် ဖြစ်ကြောင်း၊ယင်းတွင် (၈)ခန်းတွဲ (၄) ထပ်တိုက် ၆ လုံး၊အခန်း ၄၄၈ ခန်း ရှိပြီး အကျယ်မှာလည်း ၄၄၈ စတုရန်းပေ ရှိကြောင်းနှင့် အခန်းအားလုံးကို နေထိုင်ရန် အခက်အခဲရှိသော နိုင်ငံ့ဝန်ထမ်းများအား ငှားပေးမည် ဖြစ်ကြောင်း သိရသည်။ Crd