
အနော်ရထာလမ်းပေါ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အထိုင်သပိတ်ဖြင့်ဆန္ဒထုတ်ဖော် ရန်ကုန် - ၂၀၂၁ မတ် ၁၅ (မော်ကွန်း) ကျောက်တံတားမြို့နယ် အနော်ရထာလမ်းပေါ်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးက ယနေ့ နေ့လယ်က အထိုင်သပိတ်ဖြင့် ဆန္ဒဖော်ထုတ်လျက်ရှိသည်။ အနော်ရထာလမ်းနှင့်ပန်းဆိုးတန်းလမ်းထောင့်တွင် စစ်သားနှင့်ရဲများအလွယ်တကူမဖြိုခွင်းနိုင်ရန် ထဘီတန်းများနှင့် သဲအိတ်များ၊အကာအရံများဖြင့် ကာထားလျက်ရှိသည်။ ယမန်နေ့ကလည်း ကျောက်တံတားရှိ ရပ်ကွက်လမ်းကြားများထဲတွင် ပြောက်ကျားသပိတ်ဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့သည်။ Credit: