
ကိုရိုနာဗိုင်းရပ်စ်၂ဝ၁၉ ကူးစက်ပြန့်ပွားစေမည့် လူစုရုံးနေခြင်း ကမ်ပိန်းပြုလုပ်ခြင်း စုဝေးခြင်းတို့ကို တားမြစ်သည့် တော်ဝင်ပြန်တမ်းထုတ်ပြန် . ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားစေမည့် လူစုရုံးနေခြင်း ကမ်ပိန်းပြုလုပ်ခြင်း စုဝေးခြင်း စသည့်အစီအစဉ်များကိုတားမြစ်သည့် အချက် (၄) ချက်ပါရှိသည့် တော်ဝင်ပြန်တမ်းတစ်ရပ်ကို ယမန်နေ့ (၃-၂-၂၀၂၁) တွင် ထုတ်ပြန်ကြေညာလိုက်သည်။ . ၃-၁-၂ဝ၂၁ ရက်နေ့တွင်ထုတ်ပြန်ကြေညာသည့် ကိုရိုနာဗိုင်းရပ် ၂၀၁၉ ကူးစက်ပြန့်နှံ့စေသော လူစုရုံးနေခြင်း ကမ်ပိန်းပြုလုပ်ခြင်း စုဝေးခြင်းတို့ကိုတားမြစ်သည့် လုံခြုံရေးဆိုင်ရာ အရေးအပေါ်အခြေအနေကိုင်တွယ်ကွပ်ကဲသူ၏ အမိန့်ကြေညာချက် (ဒုတိယအကြိမ်) ကိုဖျက်သိမ်းလိုက်သည်ဟု ဖော်ပြထားသည်။ . ရောဂါကူးစက်နိုင်ခြေကိုမြင့်မားစေခြင်း သို့မဟုတ် အများပြည်သူ၏ဒုက္ခကိုပိုမိုဆိုးရွားစေရန်အခွင့်ကောင်းယူ၍စုဝေးခြင်း သို့မဟုတ် အများပြည်သူ၏ဒုက္ခကိုပိုမိုဆိုးရွားစေရန်အခွင့်ကောင်းယူရာရောက်သည့်မည်သည့်လုပ်ရပ်မျိုးကိုမဆို တား မြစ်သည်ဟု သိရသည်။ . တာဝန်ရှိသူထံမှခွင့်ပြုချက်မရဘဲ အမြင့်ဆုံးနှင့်တင်းတင်းကျပ်ကျပ်ထိန်းချုပ်နယ်မြေနှင့်အမြင့်ဆုံးထိန်းချုပ်နယ်မြေအဖြစ် သတ်မှတ်ထားသောနေရာများတွင် ရောဂါကူးစက်နိုင်ခြေမြင့်မားစေသည့် လူစုရုံးနေခြင်း သို့မဟုတ် လူထူထပ်စေသည့် ကိမ်ပိန်းပြုလုပ်ခြင်းများကိုမပြုလုပ်ရဟု ဖော်ပြထားပြီး ခွင့်ပြုချက်ဖြင့်ပြုလုပ်ရာတွင်အဆိုပါနယ်မြေ၏ပေါင်းစည်း ထိန်းချုပ်ရေးစီမံချက်များကိုလိုက်နာရမည်ဟု သိရသည်။ . ထိန်းချုပ်ရေးစီမံချက်များနှင့်အညီကျင်းပခြင်းဖြစ်သည့် သက်ဆိုင်ရာ၊ အစိုးရဌာနနှင့် အစိုးရပုဂ္ဂလိကလုပ်ငန်းများ၏ ကမ်းပိန်းများမှလွှဲ၍ ထိန်းချုပ်နယ်မြေ၊ အမြင့်ဆုံးစောင့်ကြည့်နယ်မြေ သို့မဟုတ် စောင့်ကြည့်နယ်မြေများတွင် ရောဂါကူးစက်နိုင်ခြေမြင့်မားစေသည့် လူစုရုံးနေခြင်း သို့မဟုတ် လူထူထပ်စေသည့်ကမ်ပိန်းပြုလုပ်ခြင်းများကို အဆိုပါနယ်မြေမှသတ်မျတ်ထားသောစီမံချက်နှင့်အညီကျင်းပရမည်ဟု ဆက်လက်ဖော်ပြထားသည်။ . အထက်ပါပြန်တမ်းသည် ၃-၂-၂ဝ၂၁ ရက်နေ့တွင် စတင်အသက်ဝင်ပြီး ဖောက်ဖျက်သူသည် ထောင်ဒဏ် (၂)နှစ် သို့မဟုတ် ဘတ် ၄ သောင်းထက်မပိုသောငွေဒဏ် သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံးချမှတ်နိုင်သည်ဟု သိရသည်။ . မူရင်း : ศูนย์ข้อมูลโควิด-19 ဓာတ်ပုံ : ကိုချစ် (ဇွဲကပင်မြေ) သတင်း : ရွှေကရင် (ရာမညမြေ) . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #EPL #UCL #Englishpremierleague #UEFAchampiansleague Credit: