
ပြင်ဦးလွင်မြို့မှာ လုံခြုံရေးတင်းကျပ်ထားတဲ့အတွက် လူမဲ့သပိတ်များဆက်တိုက်ပြုလုပ် စစ်အာဏာရှင်အလိုမရှိကြောင်းကိုဆန့်ကျင်တဲ့အနေနဲ့ ပြင်ဦးလွင်မြို့က လူငယ်တွေဟာ အတားအဆီးအမြောက်များရှိနေတဲ့ကြားက မိမိတို့ရဲ့သဘောထားဆန္ဒတွေကို ထုတ်ဖော်ခဲ့ကြပါတယ်။ ရဲနှင့်စစ်တပ်တို့မရှိတဲ့နေရာတွေမှာ မိုးပျံပူပေါင်းလွှင့်တင်ခြင်း၊ သစ်ပင်တွေပေါ်မှာ စစ်အစိုးရဆန့်ကျင်ရေးစာသားတွေ ချိတ်ဆွဲတာတွေကိုကန်တော်လေး နဲ့ ကန်တော်ကြီးကန်ဘောင်တွေမှာ ပြုလုပ်ခဲ့ကြပြီး အဖမ်းအဆီးမရှိပဲအောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြပါတယ်။