No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဆရာ သမီးမျက်လုံးကို ကြည့်လိုက်ပါဦး။ မနေ့က Instant Hot Pot တွေ စားပြီး ဖြစ်လာတာ။ ပင်လယ်စာတွေရော အမဲသားတွေရော ပါတာ။ အခု Allerday သောက်ရမလား လာမေးတာ။ သူနာပြုဆရာမ တစ်ယောက်က ကျနော့်အခန်းထဲ ဝင်လာပြီး မျက်လုံးကို ပြရင်းမေးတယ်။ သောက်ရင်လည်း သောက်ပေါ့လို့ ပြန်ဖြေရင် စိတ်ထဲမှာ ဒွိဟ ဖြစ်နေတယ်။ အဲဒီ ဆရာမ အခန်းထဲ ပြန်ထွက်သွားမှ ကျနော့်အခန်းထဲ ဝင်နေကျ ဆရာမ နှင်းမိုးအောင်ကို ပြောလိုက်မိတယ်။ သူတို့ ၂ ယောက်က သူငယ်ချင်းတွေ။ တကယ်တော့ နင်တို့ စားနေကြ အသားတွေ ချည်းပဲ။ အသားနဲ့ မတဲ့တာကြောင့်တော့ မဖြစ်နိုင်ဘူး။ ပါလာတဲ့ Chemical တစ်ခုကြောင့် ဖြစ်မှာ။ နှတ်ခမ်းက Mask ပုပ်ထားလို့ မယောင်တာနေမှာ။ Allergy ဆိုရင် နှတ်ခမ်းကြီးထောနေမှာ။ လို့ တိုင်ပင်တဲ့ သဘောနဲ့ ပြောလိုက်မိတယ်။ သူက တွေးတွေးဆဆ စဉ်းစဉ်းစားစား ပြောတတ်တယ်။ သူက ရှိသမျှ ၃ ဘူးလုံးကို သူချက်ပေးတာ ဆရာ။ ဘူးထဲပါတဲ့ အမှုန့်ထဲ ရေထည့်ပြီး ချက်တော့ အဲဒီ့ အငွေ့တွေ ဝင်လို့ ဖြစ်တာလား မသိဘူး။ လို့ ဆရာမ နှင်းမိုးအောင် က ပြောတယ်။ သူပြောတဲ့ Self-Heating အပူးပေး လုပ်လို့ရတဲ့ Hot-Pot ဘူးရဲ့ သဘာဝကို ကျနော်က မသိခဲ့ဘူး။ ဒီတော့မှ နှင်းမိုးအောင် ပြောတဲ့ Context ကို ထည့်စဉ်းစားရတော့တယ်။ ဘာထည့်ထားလည်း သိဖို့ Google ရတော့တယ်။ ခေါင်းထဲမှာ ရှိတာက မီးလောင်လွယ်တဲ့ မီးစုံး ကိုပဲ သတိရတာ။ Youtube ထဲက Phosphrous ကို လေနဲ့ ပေးတွေ့လိုက်တော့ မီးလောင်တာကို နှင်းမိုးအောင် ကို ပြလိုက်တယ်။ သူက အဲလို မဟုတ်ဘူးတဲ့။ အမှုန့်တွေထဲကို ရေလောင်းထဲ့တော့ အပူငွေ့တွေ ထွက်လာတာတဲ့။ မထူးပါဘူး ဆိုပြီး Self-heating Hot Pot ဆိုပြီး Google ရှာလိုက်တော့မှ Quicklime (မဖောက်ထုံး) ထဲ ရေထည့်လိုက်တော့ ပူလာတာကို သုံးပြီး Instant Hot Pot ကို တရုတ်က ထုတ်တယ်လို့ သိရတယ်။ မဖောက်ထုံး ကို ရေရောလိုက်တော့ ပူလာတာဆိုရင် အငွေ့တွေဟာ မျက်စေ့ကို လောင်နိုင်တယ်လို့ တွေးပြီး မျက်စေ့ ဆရာဝန် တစ်ယောက်ဆီ ချက်ချင်း ဖုန်းဆက်မေးရတယ်။ သူက ဆရာရေ အဲဒါဆို Alkali Burn ပဲ ချက်ခြင်းသူ့ဆီ လွှတ်လိုက်ပါလို့ ပြောတယ်။ ဒီတော့မှ သတင်းထဲမှာ မျက်စေ့ထဲ အဲဒီ မဖောက်ထုံး စင်သွားလို့ မျက်စေ့ အန္တရာယ် ဖြစ်နိုင်တဲ့အကြောင်း တရုတ်ဆရာဝန်က သတိပေးထားတာကို ဖတ်ရတယ်။ ဒီဆရာမက မျက်စေ့ထဲ တိုက်ရိုက် မဝင်ပေမယ့် အလုံပိတ် ဆေးရုံ (Confined space) ထဲမှာ Hot Pot သုံးဘူးစာ ထုံးနဲ့ ရေ ရောခဲ့တာဆိုတော့ မျက်စေ့ ထိခိုက်သွားပုံရပါတယ်။ ခုပုံမှာ ၉၀ စင်တီဂရိတ် အထိ ပူတာကို ရိုက်ပြထားပါတယ်။ ဆရာဝန် ဘဝကလည်း ရှားလော့ဟုမ်းလိုပါပဲ။ Instant Hot Pot ပြင်ဆင်တုန်းက အငွေ့တွေကြောင့် ဖြစ်နိုင်တယ်လို့ ဆရာမ နှင်းမိုးအောင်ကသာ မစဥ်းစားမိခဲ့ရင် ကျနော်လည်း အဲဒီ Context ကို လုံးဝ စဥ်းစားမိမှာ မဟုတ်ပါ။ မဖောက်ထုံးကို ရေရောပြီး ပူအောင် လုပ်တဲ့ Instant Hot Pot များကို သတိထား ပြင်ဆင်ကြဖို့ အကြံပေးပါတယ်။ Credit: