
White List နဲ့သုံးစွဲခွင့်ပေးတဲ့အင်တာနက်ဆိုတာ ဘာလဲ မြန်မာနိုင်ငံတွင်း အင်တာနက်သုံးစွဲရမှု ကန့်သတ်ခံနေရချိန်မှာ စစ်ကောင်စီရဲ့အင်တာနက်ထိန်းချုပ်ရေး ဆောင်ရွက်မှုတွေကို ကူညီထောက်ပံ့တာမျိုးမလုပ်ဖို့ နိုင်ငံတကာပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ ICG ရဲ့ ထုတ်ပြန်တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ အာဏာသိမ်းကာလစတင်ခဲ့ချိန်မှာပဲ စစ်ကောင်စီအနေနဲ့ ပြည်တွင်းကသတင်းအချက်စီးဆင်းမှုနဲ့ ဆန့်ကျင်မှုတွေကို ထိန်းချုပ်ဖို့ အင်တာနက်လိုင်းတွေကို ယာယီ ဖြတ်တောက်ပြီး ဥပဒေပြင်ဆင်ချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာ ထင်သလောက်အရာ မရောက်ခဲ့ဘူးလို့ ICG က ပြောပါတယ်။ လက်ရှိမှာ စစ်ကောင်စီအနေနဲ့ လူထုရဲ့ဆန့်ကျင်မှုတွေကို ရပ်တန့်ဖို့အတွက် အင်တာနက်သုံးစွဲမှုတွေကိုကန့်သတ်ထားပြီး White List စာရင်းသွင်းထားတဲ့ အင်ထရာနက်စနစ်ကိုဖော်ဆောင်နေတယ်လို့လည်း အစီရင်ခံစာကဆိုပါတယ်။ ဒီလို ပြည်တွင်းမှာပဲ သုံးနိုင်တဲ့ အင်ထရာနက်စနစ်ဟာ သတင်းအချက်စီးဆင်းမှုကိုထိန်းချုပ်တဲ့သဘောဖြစ်ပြီး နိုင်ငံတကာနဲ့ချိတ်ဆက်လုပ်ရတဲ့တခြားအွန်လိုင်းအသုံးပြုလုပ်ငန်းတွေကိုထိခိုက်နိုင်တယ်လို့ နည်းပညာကျွမ်းကျင်သူတွေကပြောပါတယ်။ အဲဒီလို စစ်ကောင်စီရဲ့ကန့်သတ်ဖို့ကြိုးစားတဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်မြန်မာနိုင်ငံကတစ်ခုတည်းသောအနောက်နိုင်ငံမိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ တယ်လီနောကတော့ ကန့်ကွက်ထားပါတယ်။ White List ရဲ့ သဘောတရားနဲ့ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို ပြည်တွင်းကနည်းပညာကျွမ်းကျင်သူ တစ်ဦး ရှင်းပြချက် ကို ပြန်လည်နားဆင်ပါ။ https://www.youtube.com/watch?v=zDLwnr7owRA Credit: