အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်ပြေးဆွဲခွင့် ရပ်ဆိုင်းကာလ ထပ်မံတိုးမြှင့် ======================= အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်ပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလအား ဖေဖော်ဝါရီလ (၂၈) ရက်နေ့ထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း Aerodrome Co.,ltd မှသိရသည်။ မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရန် မူလသတ်မှတ်ထားသည့် ရပ်ဆိုင်းခြင်းကာလကို ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ သဘောတူဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။ ပြည်တွင်းလေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲမှုကို သက်ဆိုင်ရာမှ ချမှတ်ထားသော လူထုကျန်းမာရေးစံသတ်မှတ်ချက်များနှင့်အညီ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှစတင်ပြီး ပြန်လည်၍ ဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေဖြင့် ဤကာလအတွင်းတွင် အရေးပါသောကယ်ဆယ်ရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး ခရီးစဉ်များပျံသန်းပြေးဆွဲမှုကို စဉ်ဆက်မပြတ် ဝန်ဆောင်မှုပေးကာ လေဆိပ်အတွင်း လူထုကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များအတိုင်း ကာကွယ်မှုများကို ဆောင်ရွက်ထားလျက်ရှိကြောင်းသိရသည်။ PYP Photo:yangon aerodrome Crd
