No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

VOM သတင်းဌာန အယ်ဒီတာချုပ်နဲ့ သတင်းထောက်တို့ကို အွန်လိုင်းကနေ ရုံးထုတ် ~~~~~~ ■ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ စစ်ကောင်စီက တရားစွဲခံထားရတဲ့ မန္တလေးမြို့ အခြေစိုက် Voice of Myanmar (VOM) သတင်းဌာန အယ်ဒီတာချုပ် ကိုနေမျိုးလင်းနဲ့ သတင်းထောက် ကိုရှိုင်းအောင်တို့ကို မေလ ၂၄ ရက် ဒီကနေ့ ချမ်းမြသာစည်မြို့နယ်တရားရုံးမှာ အွန်လိုင်းကနေ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ “ဒီကနေ့ရုံးထုတ်မို့ဆိုပြီးသွားတယ်။ အွန်လိုင်းကနေ ရုံးထုတ်သွားတယ်။ မတွေ့လိုက်ရပါဘူး၊ တရားရုံးကို မေးကြည့်တော့လည်း ဘာမှမသိရဘူး” လို့ ကိုနေမျိုးလင်းရဲ့ မိသားစုဝင်တစ်ယောက်က ပြောပါတယ်။ နောက်တစ်ပတ်ရုံးချိန်းကိုတော့ ဇွန်လ ၇ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ဧပြီလ ၂၇ ရက်နေ့က ကိုနေမျိုးလင်းတို့ကို စစ်ကောင်စီက မေးမြန်းစရာရှိတဲ့အတွက် လာရောက်ဖို့ ဖိတ်ခေါ်ခဲ့လို့ ကိုနေမျိုးလင်းနဲ့ သတင်းထောက် ကိုရှိုင်းအောင် တို့ သွားရောက်ခဲ့ရာကနေ ပြန်ရောက်မလာတော့ဘဲ အခုလို တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။ Credit: