No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ငွေတာရီမဂ္ဂဇင်းတည်ထောင်သူ ကဗျာဆရာကြီး မင်းယုဝေကွယ်လွန် ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၉ ရက်။ ယနေ့ ဇူလိုင် ၂၉ ရက်နေ့တွင် ငွေတာရီမဂ္ဂဇင်းကို စတင်တည်ထောင်ခဲ့တဲ့ ကဗျာ/စာရေးဆရာကြီး မင်းယုဝေ ကွယ်လွန်သွားခဲ့သည်ဟု သတင်းရရှိပါသည်။ မြန်မာစာပေလောကမှာ ထင်ရှားတဲ့ဆရာကြီး မင်းယုဝေဟာ ကွယ်လွန်ချိန်မှာ အသက် ၉၃ နှစ်ရှိပြီဖြစ်ပြီး ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့ ဇာတိ ဖြစ်ကြောင်း သိရပါသည်။ ခေတ်စမ်းစာပေ၏ ဒုတိယမျိုးဆက်ဟု ဆိုရမည့် ဆရာကြီး မင်းယုဝေဟာ ထင်ရှားသည့် ကဗျာဆရာမကြီး ငွေတာရီ၏ ခင်ပွန်းဖြစ်ပြီး အမည်အရင်းမှာဦးဝင်းမောင်ဖြစ်သည်။ ဆရာကြီးဟာ မြတ်မင်္ဂလာစာစောင်နဲ့ မင်္ဂလာမောင်မယ်ကျောင်းသားလူငယ်စာစောင် တွေမှာ အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။ NM@Media9 Photon- Credit to rightful owner Credit: