No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ပုသိမ်မြို့က ရဲအချင်းချင်းပစ်ခတ်မှုမှာ ရဲဒုတပ်ကြပ် သေဆုံး ၂၀၂၁ ခုနှစ်၊ မေလ ၃၀ ရက်။ ယမန်နေ့ည မေလ ၂၉ ရက်နေ့ ညပိုင်းတွင် ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံး ဦးစီး ၁ ဌာနစိတ်မှ ရဲအုပ်နဲ့ ရဲဒုတပ်ကြပ်တို့သည် ပုသိမ်မြို့ တိုင်းရဲတပ်ဖွဲ့မှူးအိမ်နားမှာ စကားများကနေ အချင်းချင်း အပြန်လှန် ၈ ချက်လောက် ပစ်ခတ်ခဲ့ကြပါပြီး ရဲဒုတပ်ကြပ် လည်ပင်း ကျည်ထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ရဲအုပ်ကတော့ လက်မောင်းထိသွားပြီး စစ်တပ်အာဏာသိမ်းမှုအပြီး လုံခြုံရေးအတွက် ထုတ်ပေးထားတဲ့ သေနတ်တွေနဲ့ အပြန်လှန်ပစ်ခတ်ခဲ့ကြတာလို့ ရဲအသိုင်းဝိုင်းကပြောကြောင်း ဧရာဝတီတိုင်းမ် သတင်းမှာ ဖော်ပြပါတယ်။ Source - Ayeyarwaddy Times ၊ Delta News Agency Credit: