No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အခြေခံဥပဒေကို လေးစားလိုက်နာမှုမရှိရင် ဖျက်ပစ်ရမယ်လို့ တပ်ချုပ်ပြော ------------------------------- နေပြည်တော်၊ဇန်နဝါရီလ-၂၇ ရက်။ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာဖို့ လိုအပ်ပြီး လေးစားလိုက်နာမှုမရှိရင်တော့ ဖျက်ပစ်ရမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ ဒီကနေ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးတွေနဲ့ သင်တန်းသားအရာရှိကြီးတွေကို Video Conferencing နဲ့ တပ်ချုပ်က အမှာစကားပြောကြားရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ တပ်ချုပ်က``ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ ဥပဒေရဲ့ Mother Law ပဲ။ ဒါကြောင့် ငါတို့က ဒါကိုတော့ လေးစား လိုက်နာဖို့လိုတယ်လို့ ပြောလိုတယ်၊ စောစောကပြောတဲ့ ဥပဒေကို မလေးစားဘူး၊ မလိုက်နာဘူးဆိုရင် ဒီဥပဒေကို ဖျက်ပစ်ရမယ်။ ဆိုလိုတာကတော့ အခြေခံဥပဒေဆိုရင်လည်း ဖျက်ပစ်ရမယ်။ ဒီဥပဒေကို မလိုက်နာဘူးဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်ရမယ်။ ဒါကြောင့် တော်လှန်ရေး ကောင်စီခေတ်တုန်းကလည်း ၁၉၄၇ ခုနှစ်၊ ဥပဒေကိုဖျက်လိုက်တာပဲ။ န၀တခေတ် တပ်မတော်တက်လာတဲ့အခါမှာ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်လိုက်တာပဲ။ အခု ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေက တရားဝင်ရှိနေတဲ့ဥပဒေ တည်ဆဲဥပဒေ။ ဒါဟာ နိုင်ငံရေးမှာအင်မတန်အရေးကြီးတဲ့ အခြေခံအကြောင်းတစ်ခု အနေ နဲ့ မင်းတို့ကို ပြောလိုတယ်။ ပြီးပြီးရော လုပ်လို့မရဘူး။ဒါကြောင့် ဥပဒေအသိ မင်းတို့ခေါင်း ထဲမှာရှိနေဖို့လိုတယ်။ ဥပဒေအမြင် မင်းတို့ခေါင်းထဲမှာရှိနေဖို့လိုတယ်လို့ ပြောပါတယ်။ ဒါ့အပြင် တပ်မတော်ဟာ လက်နက်ကိုင်ထားတဲ့ အဖွဲ့ အစည်းဖြစ်တဲ့အတွက်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရမယ်လို့ တပ်ချုပ်က ဆိုထားပါတယ်။ ဓာတ်ပုံ- တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ Crd