
နာရေးကူညီမှုအသင်းရန်ကုန် ဖျက်ဆီးခံရတဲ့မြင်ကွင်း မနေ့ညက ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးကို ရဲနဲ့ စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ကွန်ပျူတာနဲ့ network ချိတ်ဆက်ထားတဲ့ စက်တွေအကုန်သိမ်းသွားတယ်လို့ နာရေးကူညီမှုအသင်းရန်ကုန်အသင်းသားတစ်ဦးထံက သိရပါတယ်။ ဝန်ထမ်းတွေကိုလည်း ရိုက်နှက်သွားသလို ဘုရားခန်းအပါအဝင် အခန်းတချို့လည်းဖျက်ဆီးမွှေနှောက်ခံရတယ်လို့ ဆိုပါတယ်။ အဲဒီလို အသင်းကိုဝင်စီးချိန်မှာ ဥက္ကဋ္ဌ ဦးကျော်သူကတော့ ရှိမနေခဲ့ဘဲ နေအိမ်မှာသာရှိနေကြောင်း ၎င်းရဲ့ဇနီးဖြစ်သူက မီဒီယာတချို့ထံပြောကြားထားပါတယ်။ နာရေးကူညီမှုအသင်းရုံးခန်းကိုဘာကြောင့် ဝင်စီးရတယ်ဆိုတာမသိရသေးပါဘူး။ ဒီရှေ့ရက်တွေမှာတော့ နာကူအသင်းဟာ ရဲနဲ့ စစ်တပ်မိသားစုဝင်တွေနာရေးဖြစ်ရင်မကူညီဘူးလို့ ထုတ်ဖော်ပြောကြားထားပါတယ်။ ဒီသတင်းအပါအဝင် နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-56245583 Credit: