
ရဲဝန်ထမ်းတချို့ အိန္ဒိယနိုင်ငံဘက် ထွက်ပြေး ~~~~~~ ■ မြန်မာနိုင်ငံက ရဲဝန်ထမ်း အနည်းဆုံး ၁၉ ယောက်ဟာ အိန္ဒိယနိုင်ငံဘက် နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာပြီး နိုင်ငံရေးခိုလှုံခွင့်တောင်းဖို့ လုပ်နေတယ်လို့ အိန္ဒိယရဲအရာရှိတစ်ဦးရဲ့ ပြောကြားချက်ကို မတ်လ ၄ ရက်နေ့ ဒီကနေ့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။ မြန်မာနိုင်ငံ ချင်းပြည်နယ်ထဲကနေ နယ်နမိတ်ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးဝင်ရောက်လာတာလို့ဆိုပါတယ်။ ထွက်ပြေးလာသူတွေ အားလုံးဟာ အောက်ခြေအဆင့် ရဲဝန်ထမ်းတွေဖြစ်ပြီး ဘာလက်နက်မှ ပါမလာဘူးလို့လည်း အိန္ဒိယရဲအရာရှိက ပြောပါတယ်။ နောက်ထပ်ထွက်ပြေးလာမယ့် သူတွေရှိသေးတယ်လို့ မျှော်လင့်ရကြောင်း အိန္ဒိယထောက်လှမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာကို ကိုးကားပြီး အိန္ဒိယရဲအရာရှိက ရိုက်တာသတင်းမှာ ပြောထားပါတယ်။ မြန်မာနိုင်ငံအနှံ့က ရဲဝန်ထမ်းတချို့လည်း အာဏာသိမ်း စစ်တပ်ကိုဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှု CDM မှာပါဝင်လာနေပြီး သူတို့တွေဟာ လက်ရှိမှာ ထွက်ပြေးပုန်းရှောင်နေကြရတာဖြစ်ပါတယ်။ ---------------- Credit: