
စစ်အစိုးရနဲ့ ဆွေးနွေးဖို့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့တွေ ငြင်းဆန် မြန်မာ စစ်အစိုးရရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ဖိတ်ကြားမှုတွေကို ငြင်းဆိုခဲ့ကြောင်း အနောက်နိုင်ငံကြီးတွေရဲ့ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့တွေက ထုတ်ပြန်လိုက်ပါတယ်။ အမေရိကန် ကုန်သည်ကြီးများအသင်း၊ ဥရောပ ကုန်သည်ကြီးများအသင်းနဲ့ အီတလီမြန်မာ စီးပွားရေး အသင်းတို့က မတ်လ ၄ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ရာမှာ စစ်အစိုးရရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ တောင်းဆိုမှုတွေ ရှိခဲ့ကြောင်း အတည်ပြုထားပါတယ်။ ဒါပေမဲ့ အဲဒီ ဖိတ်ကြားမှု အားလုံးကို ငြင်းဆန်လိုက်တယ်လို့ အဲဒီ အသင်းတွေရဲ့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ ပြင်သစ် စက်မှုလက်မှုနဲ့ ကုန်သည်ကြီးများအသင်းနဲ့ ဗြိတိန် ကုန်သည်ကြီးများအသင်း တို့ကလည်း ဒီထုတ်ပြန်ချက်ကို ထောက်ခံ ရပ်တည်ခဲ့ကြောင်း သိရပါတယ်။ Credit: