
မန္တလေးမြို့ရပ်ကွက်တစ်ခုအတွင်း လူမရှိသည့်နေအိမ်မှ ရွှေနဲ့ငွေများအား၊ စစ်တပ်မှယူသွား မဇ္ဈိမ မန္တလေးမြို့၊စိန်ပန်းလမ်းမကြီး၊ယဉ်ပုံရပ်ကွက်၊ နေအိမ်တစ်ချို့အား စစ်တပ်က သေနတ်နဲ့ဝင်ပစ်ပြီး၊ အိမ်ရှင်မရှိသည့် နေအိမ်တစ်လုံးမှ ရွှေနဲ့ ပိုက်ဆံများယူသွားသည်ဟု သိရသည်။ ရပ်ကွက်အတွင်းရှိ လူမရှိသည့်နေအိမ်အတွင်းမှ ကားနှင့် အိမ်သုံးပစ္စည်းများအား ရိုက်ချိုးပြီး ဘီယိုအတွင်းမှ အိမ်ရှင်တို့ စုကြေးစုထားသည့် ငွေများနှင့် ရွှေအားလုံးကို ယူဆောင်သွားခဲ့သည်ဟု သိရသည်။ ယူဆောင်သွားသည့် ရွှေတန်ဖိုးသည် အနည်းဆုံး ကျပ်ငွေ သိန်းလေးဆယ်ဖိုးခန့်ရှိကြောင်း သိရသည်။ ထို့အပြင် ယဉ်ပုံရပ်ကွက်အနီး ဈေးရောင်းနေသည့် သူများထဲမှ လူ ငါးဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ သည်ဟု မျက်မြင်သက်သေတစ်ဦးက ပြောပြသည်။ မတ်လ ၅၊ ၂၀၂၁ Credit: