No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ် အောက်ဗဟိုလမ်းမကြီး ၁ရပ်ကွက်နဲ့ ၂ ရပ်ကွက်ပြည်သူတွေစုပေါင်းပြီး အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒပြတာတွေကို ဒီကနေ့ မတ်လ ၅ ရက်နေ့မှာဆန္ဒပြရာမှာ ရဲနဲ့စစ်သားတွေက ရပ်ကွက်လမ်းတွေအထိ လိုက်လံအင်အားသုံးဖြိုခွင်းခဲ့ပါတယ်။ဆန္ဒပြပြည်သူတွေဟာ သပိတ်စခန်းများရှိရာနှင့် လူနေရပ်ကွက်များအတွင်းကို ရဲနဲ့စစ်တပ်က အလွယ်တကူ ဝင်ရောက်လာနိုင်အောင်မရှိစေဖို့ လမ်းမတွေမှာ ပစ္စည်းအစုံအလင်နဲ့ ပိတ်ဆို့တားဆီးမှုတွေ ကြိုတင်ပြုလုပ်ထားခဲ့ပါတယ်။ အဲ့ဒီလို တားဆီးမှုတွေပြုလုပ်ခဲ့ပေမယ့် ရဲနဲ့စစ်တပ်က ဖြိုခွင်းပြုလုပ်ရာမှာ မျက်ရည်ယိုဗုံး ၊ အသံဗုံးနဲ့ ရာဘာကျည်တွေကိုအဓိကအသုံးပြုပြီး လူစုခွဲခဲ့ပါတယ်။ #dvbtvnews #yangon #protest #WhatishappeninginMyanmar Credit: