
တောင်သူဆန္ဒပြပွဲများကြောင့် လုံခြုံရေးအတွက် စိုးရိမ်နေရချိန်တွင် နယူးဒေလီရှိ အစ္စရေးသံရုံးအပြင်ဘက်တွင် ပေါက်ကွဲမှုဖြစ်ပွား =============================================== အိန္ဒိယနိုင်ငံ နယူးဒေလီရှိ အစ္စရေးသံရုံးအပြင်ဘက်တွင် ဇန်နဝါရီလ ၂၉ ရက်နှောင်းပိုင်းက ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုပေါက်ကွဲမှုတွင်ထိခိုက်ဒဏ်ရာရသူ တစ်ဦးမှ မရှိသော်လည်း သံရုံးအနီးနားရှိကားများ ထိခိုက်ပျက်စီးသွားသည်။ လျှောက်လမ်းတစ်ခုအနီးတွင် လက်လုပ်ဗုံးပေါက်ကွဲခဲ့ခြင်းခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်သည့် နှစ်ပတ်လည်နေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တောင်သူလယ်သမားဆန္ဒပြပွဲများကြောင့် လုံခြုံရေးအတွက်နယူးဒေလီရဲတပ်ဖွဲ့ နိုးနိုးကြားကြားရှိနေရချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သံရုံးကို သက်ဆိုင်ရာက ကြိုးတားလိုက်ပြီး သံရုံးအနီးတွင်ရဲများ၊ ဗုံးဖြုတ်ကျွမ်းကျင်သူများနှင့် အကြမ်းဖက်တိုက်ဖျက်ရေးကျွမ်းကျင်သူများခြေရှုပ်သွားတော့သည်။ ဗုံးသည် ဒေသစံတော်ချိန် ညနေ ၅ နာရီ စွန်းစွန်းတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ သံရုံးနှင့်ကပ်လျက် ပလက်ဖောင်းပေါ်ရှိ ပန်းအိုးထဲတွင်ဗုံးကိုထည့်ထားခြင်းဖြစ်သည်ဟု မီဒီယာသတင်းများက ဆိုသည်။ လူအသေအပျောက်မရှိကြောင်းနှင့် သံရုံးတွင် ထိခိုက်ပျက်စီးသွားမှုမရှိကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုသည်။ အိန္ဒိယနှင့်အစ္စရေး သံတမန်ဆက်ဆံရေးထူထောင်သည်မှာ၂၉ နှစ်ပြည့်သည့် နှစ်ပတ်လည်နေ့တွင် ထိုဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ( CNA, 30.1.21) ချယ်ရီ Credit: