
နေရပ်ပြန်ချင်တဲ့ ရိုဟင်ဂျာတွေကို ခြိမ်းခြောက်နေသူတွေကို ဖော်ထုတ်ဖို့ မြန်မာပြော ~~~~~~ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာချင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လာလို့မရအောင် ခြိမ်းခြောက်တားဆီးနေတဲ့ အကြမ်းဖက်အဖွဲ့တွေကို ဖော်ထုတ်တားဆီးပေးဖို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်းက ဒီကနေ့တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ ဗီဒီယိုကွန်ဖရင့်နဲ့ ကျင်းပတဲ့ မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ အလွတ်သဘော ဆွေးနွေးပွဲမှာ ဦးဟောက်ဒိုစွမ်းက တိုက်တွန်းခဲ့တာပါ။ ဒီအစည်းအဝေးမှာ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အောင်မြင်ဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အကြား လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်တွေကို အမြန်အကောင်အထည်ဖော်ဖို့ ကိစ္စလည်းဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒုက္ခသည် ပြန်လည်လက်ခံရေးအတွက် အသင့်ပြင်ထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကလည်း ဒုက္ခသည်ပြန်လည်ပို့ဆောင်ရေးမှာ နှစ်နိုင်ငံကြား သဘောတူညီချက်တွေကို လိုက်နာဖို့ လိုတယ်လို့လည်း ဦးဟောက်ဒိုဆွမ်းကပြောပါတယ်။ ပြီးခဲ့တဲ့ (၂၀၂၀) ပြည့်နှစ် စက်တင်ဘာလထဲမှာ အင်တာနက်ဗီဒီယိုကနေတဆင့် ကျင်းပတဲ့ (၇၅) ကြိမ်မြောက် ကုလအဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေးအတွင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ARSA အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ခိုလှုံနေပြီး နေရပ်ပြန်လိုတဲ့ ဒုက္ခသည်တွေကို ခြိမ်းခြောက်ဟန့်တားနေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီကနေ့ ဗီဒီယိုကွန်ဖရင့်နဲ့ ကျင်းပတဲ့ မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ အလွတ်သဘော ဆွေးနွေးပွဲကို တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Luo Zhaohui ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးအတွင်းဝန် Mr. Masud Bin Momen နဲ့ မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်းတို့ တက်ရောက်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်နေပြီး နေရပ်ပြန်ချင်တယ်လို့ မြန်မာအစိုးရကို အကြောင်းကြားထားတဲ့ ဒီဟိန္ဒူဘာသာဝင်တွေကိုလည်း စိစစ်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က အမြန်ပြန်ပို့ပေးဖို့လည်း ဒီကနေ့ အစည်းအဝေးမှာ မြန်မာအစိုးရကတောင်းဆိုပါတယ်။ (unicode) -------- နေရပ်ပြန်ချင်တဲ့ ရိုဟင်ဂျာတွေကို ခြိမ်းခြောက်နေသူတွေကို ဖော်ထုတ်ဖို့ မြန်မာပြော ~~~~~~ ဘငျ်ဂလားဒေ့ရျှနိုငျငံကနေ မြန်မာနိုင်ငံကို ပြန်လာချင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လာလို့မရအောင် ခြိမ်းခြောက်တားဆီးနေတဲ့ အကြမ်းဖက်အဖွဲ့တွေကို ဖော်ထုတ်တားဆီးပေးဖို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်းက ဒီကနေ့တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ ဗီဒီယိုကွန်ဖရင့်နဲ့ ကျင်းပတဲ့ မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ အလွတ်သဘော ဆွေးနွေးပွဲမှာ ဦးဟောက်ဒိုစွမ်းက တိုက်တွန်းခဲ့တာပါ။ ဒီအစည်းအဝေးမှာ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အောင်မြင်ဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အကြား လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်တွေကို အမြန်အကောင်အထည်ဖော်ဖို့ ကိစ္စလည်းဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒုက္ခသည် ပြန်လည်လက်ခံရေးအတွက် အသင့်ပြင်ထားပြီး ဘငျ်ဂလားဒေ့ရျှနိုငျငံဘကျကလညျး ဒုက္ခသည်ပြန်လည်ပို့ဆောင်ရေးမှာ နှစ်နိုင်ငံကြား သဘောတူညီချက်တွေကို လိုက်နာဖို့ လိုတယ်လို့လည်း ဦးဟောက်ဒိုဆွမ်းကပြောပါတယ်။ ပြီးခဲ့တဲ့ (၂၀၂၀) ပြည့်နှစ် စက်တင်ဘာလထဲမှာ အင်တာနက်ဗီဒီယိုကနေတဆင့် ကျင်းပတဲ့ (၇၅) ကြိမ်မြောက် ကုလအဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေးအတွင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ARSA အဖွဲ့ဟာ ဘငျ်ဂလားဒေ့ရျှနိုငျငံထဲမှာ ခိုလှုံနေပြီး နေရပ်ပြန်လိုတဲ့ ဒုက္ခသည်တွေကို ခြိမ်းခြောက်ဟန့်တားနေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီကနေ့ ဗီဒီယိုကွန်ဖရင့်နဲ့ ကျင်းပတဲ့ မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ အလွတ်သဘော ဆွေးနွေးပွဲကို တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Luo Zhaohui ၊ ဘငျ်ဂလားဒေ့ရျှနိုငျငံ နိုင်ငံခြားရေးအတွင်းဝန် Mr. Masud Bin Momen နဲ့ မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်းတို့ တက်ရောက်ခဲ့ပါတယ်။ ဘငျ်ဂလားဒေ့ရျှနိုငျငံမှာရောကျနပွေီး နေရပ်ပြန်ချင်တယ်လို့ မြန်မာအစိုးရကို အကြောင်းကြားထားတဲ့ ဒီဟိန္ဒူဘာသာဝင်တွေကိုလည်း စိစစ်ပြီး ဘငျ်ဂလားဒေ့ရျှအစိုးရဘကျက အမြန်ပြန်ပို့ပေးဖို့လည်း ဒီကနေ့ အစည်းအဝေးမှာ မြန်မာအစိုးရကတောင်းဆိုပါတယ်။ (zawgyi) Photo - AFP Credit