19
Feb

မမြသွဲ့သွဲ့ခိုင်အတွက် ရန်ကုန်မှာ ဝမ်းနည်းကြေကွဲခြင်းအထိမ်းအမှတ် ဆုတောင်းပွဲ ပြုလုပ် ——————————————- နေပြည်တော်က ဆန္ဒပြမှုအတွင်း သေနတ်နဲ့ပစ်ခံရမှုကြောင့် သေဆုံးသွားတဲ့ မမြသွဲ့သွဲ့ခိုင်အတွက် ရန်ကုန် ပန်းဆိုးတန်း ဥပဒေရုံးအရှေ့မှာပြည်သူတွေက ဝမ်းနည်းကြေကွဲခြင်းအထိမ်းအမှတ် ဆုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။ မမြသွဲ့သွဲ့ခိုင်ကို ဒီကနေ့ မနက်မှာ အသက်ရှုပိုက်ဖြုတ်ခဲ့တာဖြစ်ပြီး (၁၁)နာရီ (၁၅)မိနစ်ဝန်းကျင်မှာသေဆုံးသွားခဲ့တာပါ။ သူမရဲ့ ရုပ်အလောင်းကိုတော့ ညနေ (၃)နာရီမှာ ရင်ခွဲစစ်ဆေးသွားမှာဖြစ်ပါတယ်။ ဓာတ်ပုံ- သားကြီး Credit: