
ကီလိုခိုးသည့် ဒူးရင်းသီးသည် တရားမဝင်ဗီယက်နမ်နိုင်ငံသားတဦးကို ဖမ်ဆီးအရေးယူ . ကီလိုချိန်စက်လက်တံကို ပလတ်စတစ်ကြိုးဖြင့်ချည်နှောင်ပြီး ခြေထောက်ဖြင့်ခိုးနင်းခြင်းဖြင့် ကီလိုခိုး သည့် ဒူးရင်းသီးသည်ဗီယက်နမ်သားတဦးကို ရဲတပ်ဖွဲ့မှဖမ်းဆီးအရေးယူလိုက်သည်ဟု သိရသည်။ . အဆိုပါ ဒူးရင်းသီးသည်မှ ကီလိုခိုးသည့်ဗီဒီယို အွန်လိုင်းပေါ်ပျံ့နှံ့သွားပြီးနောက် ပြီးခဲ့သည့် မေလ ၂၂ ရက် နေ့ နံနက် ၉ နာရီခွဲခန့်အချိန်တွင် အယုဒ္ဓယခရိုင် ဘန်ပအင်မြို့နယ် ဖရာ့အင်ရာချာမြို့မရဲစခန်း မှ ဖမ်းဆီးအရေးယူလိုက်ပြီဟု သိရသည်။ . အဆိုပါဒူးရင်းသီးသည်သည် ဗီယက်နမ်နိုင်ငံသားတဦးဖြစ်ကြောင်း၊ ဒူးရင်းသီးဝယ်ယူသူများ အလစ်တွင် ကီလိုချိန်စက်ဖြင့်ချည်နှောင်ထားသည့် ပလတ်စတစ်ကြိုးကို ခြေထောက်ဖြင့်ခိုးနင်းပြီး ကီလိုပိုယူကြောင်း၊ ဝယ်ယူသူများသိရှိပြီးနောက်ရဲစခန်းသို့တိုင်ကြားခဲ့ကြောင်း စခန်းမှူးက ဆိုသည်။ . ဆက်လက်ပြီး ၎င်းဒူးရင်းသီးသည်အား အချိန်အတွယ် အက်ဥပဒေဆိုင်ရာပြစ်မှု၊ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်မှု၊ တရားမဝင်အလုပ်လုပ်ကိုင်မှု စသည့်ပြစ်မှုများဖြင့်ဆွဲချက်တင်ထားသည်ဟု ဆိုသည်။ . Ref: Sanook Photo : Sanook . #Myanmarworkinthailand #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #Postbykyawkyawoo Credit: