No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

တပ်ရဲ့မဲစာရင်း စိစစ်ထုတ်ပြန်မှုကို ပျော်ဘွယ်နဲ့ မိတ္ထီလာမှာ ထောက်ခံဆန္ဒပြ ~~~~~~ ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုတွေဆိုပြီး တပ်မတော်က မဲစာရင်း စိစစ်ထုတ်ပြန်နေတာကို မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နဲ့ မိတ္ထီလာမြို့တွေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေ အပါအဝင် တပ်မတော်ထောက်ခံသူတွေက ဒီနေ့ ထောက်ခံဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ထောက်ခံပွဲကို ပျော်ဘွယ်မြို့မှာ ဒီကနေ့မနက် ၉ နာရီကကျင်းပခဲ့ပြီး မိတ္ထီလာမြို့မှာတော့ နေ့လည် ၂ နာရီမှာ ပြုလုပ်မယ်လို့ သိရပါတယ်။ မဲစာရင်းကိစ္စတွေကို မှန်မှန်ကန်ကန်ဖြစ်စေချင်လို့ တပ်မတော် ထောက်ခံပွဲတွေ ကျင်းပတာလို့ ပျော်ဘွယ်မြို့က ထောက်ခံပွဲကို သွားရောက်ဝန်းရံတဲ့ ကိုဇော်အောင်ထက်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ မဲစာရင်းနဲ့ပတ်သက်တဲ့ ကိစ္စတွေပေါ့၊ မနေ့ကဆိုရင်လည်း ကျွန်တော် အမရပူရမြို့နယ်နဲ့ ပတ်သက်ပြီး ထုတ်ပြန်သွားတာတွေရှိတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း စိစစ်ထားတာရှိတယ်။ သက်သေအထောက်ထားတွေလည်းရှိတယ်။ အဓိကကတော့ မှန်မှန်ကန်ကန် ဖြစ်စေချင်တာပါ ထောက်ခံပွဲမှာ ပါဝင်သူတွေက အချက် ၁၆ ချက် ကြွေးကြော်ခဲ့ကြပြီး အဲဒီထဲမှာ တိုင်းပြည်သိက္ခာကျအောင် မဲခိုးသူ ဒို့ရန်သူ၊ ပြည်ပ ပထွေးတော်ချင်သူများ ချေမှုန်းကြ၊ လိမ်ညာထားတဲ့ မဲစာရင်းများဖြေရှင်းကြ၊ တရားမျှတတဲ့ ရွေးကောက်ပွဲအဖြေရရှိရေး၊ တရားမျှတမှုမရှိတဲ့ရွေးကော် အလိုမရှိဆိုတဲ့ အချက်တွေပါဝင်ပါတယ်။ ပျော်ဘွယ်မြို့နဲ့ မိတ္ထီလာမြို့ဟာ ကြံ့ခိုင်ဖွံဖြိုးရေးပါတီကို ထောက်ခံမှုအားကောင်းတဲ့ မြို့တွေဖြစ်ပြီး ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အဲဒီမြို့နယ်တွေမှာ ရွေးကောက်ပွဲ အောင်နိုင်ခဲ့တာပါ။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မဲစာရင်း စိစစ်တွေ့ရှိချက်ကို တပ်မတော်က နံပတ်စဉ်နဲ့ ထုတ်ပြန်နေတာ မနေ့ကအထိဆိုရင် ၁၇ ကြိမ်မြောက် ရှိလာပြီဖြစ်ပါတယ်။ - Unicode --------------- တပ်ရဲ့မဲစာရင်း စိစစ်ထုတ်ပြန်မှုကို ပျော်ဘွယ်နဲ့ မိတ္ထီလာမှာ ထောက်ခံဆန္ဒပြ ~~~~~~ ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုတွေဆိုပြီး တပ်မတော်က မဲစာရင်း စိစစ်ထုတ်ပြန်နေတာကို မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နဲ့ မိတ္ထီလာမြို့တွေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေ အပါအဝင် တပ်မတော်ထောက်ခံသူတွေက ဒီနေ့ ထောက်ခံဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ထောက်ခံပွဲကို ပျော်ဘွယ်မြို့မှာ ဒီကနေ့မနက် ၉ နာရီကကျင်းပခဲ့ပြီး မိတ္ထီလာမြို့မှာတော့ နေ့လည် ၂ နာရီမှာ ပြုလုပ်မယ်လို့ သိရပါတယ်။ မဲစာရင်းကိစ္စတွေကို မှန်မှန်ကန်ကန်ဖြစ်စေချင်လို့ တပ်မတော် ထောက်ခံပွဲတွေ ကျင်းပတာလို့ ပျော်ဘွယ်မြို့က ထောက်ခံပွဲကို သွားရောက်ဝန်းရံတဲ့ ကိုဇော်အောင်ထက်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ မဲစာရင်းနဲ့ပတ်သက်တဲ့ ကိစ္စတွေပေါ့၊ မနေ့ကဆိုရင်လည်း ကျွန်တော် အမရပူရမြို့နယ်နဲ့ ပတ်သက်ပြီး ထုတ်ပြန်သွားတာတွေရှိတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း စိစစ်ထားတာရှိတယ်။ သက်သေအထောက်ထားတွေလည်းရှိတယ်။ အဓိကကတော့ မှန်မှန်ကန်ကန် ဖြစ်စေချင်တာပါ ထောက်ခံပွဲမှာ ပါဝင်သူတွေက အချက် ၁၆ ချက် ကြွေးကြော်ခဲ့ကြပြီး အဲဒီထဲမှာ တိုင်းပြည်သိက္ခာကျအောင် မဲခိုးသူ ဒို့ရန်သူ၊ ပြည်ပ ပထွေးတော်ချင်သူများ ချေမှုန်းကြ၊ လိမ်ညာထားတဲ့ မဲစာရင်းများဖြေရှင်းကြ၊ တရားမျှတတဲ့ ရွေးကောက်ပွဲအဖြေရရှိရေး၊ တရားမျှတမှုမရှိတဲ့ရွေးကော် အလိုမရှိဆိုတဲ့ အချက်တွေပါဝင်ပါတယ်။ ပျော်ဘွယ်မြို့နဲ့ မိတ္ထီလာမြို့ဟာ ကြံ့ခိုင်ဖွံဖြိုးရေးပါတီကို ထောက်ခံမှုအားကောင်းတဲ့ မြို့တွေဖြစ်ပြီး ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အဲဒီမြို့နယ်တွေမှာ ရွေးကောက်ပွဲ အောင်နိုင်ခဲ့တာပါ။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မဲစာရင်း စိစစ်တွေ့ရှိချက်ကို တပ်မတော်က နံပတ်စဉ်နဲ့ ထုတ်ပြန်နေတာ မနေ့ကအထိဆိုရင် ၁၇ ကြိမ်မြောက် ရှိလာပြီဖြစ်ပါတယ်။ - Zawgyi --------------- Photo: ဇော်အောင်ထက် (မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေ အပါအဝင် တပ်မတော်ထောက်ခံသူတွေ ၂၀၂၁ ဇန်နဝါရီ ၁၄ ရက်နေ့က ထောက်ခံဆန္ဒထုတ်ဖော်နေစဉ်)