
တာမွေတွင် ဘုန်းကြီးသင်္ကန်း နှင့် လေးဂွ တို့ပါရှိသော ယာဉ်ထိန်းရဲကို ပြည်သူကဖမ်းမိ ~~~ တာမွေမြို့နယ် ယုဇနပလာဇာ အနီး ဆိုင်ကယ် ၂ စီး ဖြင့် လူသုံးယောက် အား မသင်္ကာ သဖြင့် နီးရာရပ်ကွက်များမှ ပြည်သူများမှ ခေါ်ယူစစ်ဆေးစဉ် ဆိုင်ကယ် ၁ စီးနှင့် သူ တစ်ဦးမှာ ထွက်ပြေးသွားခဲ့ပြီး နှစ်ဦးသာ ဖမ်းမိခဲ့သည်။ ဆိုင်ကယ် ၁ စီးနှင့် လူ ၂ ဦးအား စစ်ဆေးရာ မင်္ဂတောင်ညွန့်မြို့နယ် ယာဉ်ထိန်းရဲတပ်ကြပ် နှင့် ထွန်းအောင်ကျော်ဟု သိရပီး ၎င်းတို့နှင့် အတူ ဘုန်းကြီးသင်္ကန်း နှင့် လေးဂွ လောက်စာလုံးအချို့ ဆက်သွယ်ရေးစကားပြောစက် ၂ လုံးတို့ကို ဆိုင်ကယ် Tools box အတွင်းမှ တွေ့ရှိရသည် ။ ပြည်သူများမှ မေးမြန်းရာ သင်္ကန်းမှာ ဆရာတော်တပါးမှ ( ဆရာတော် အမည် မပြော ) လျှော်ခိုင်းရန် ထည့်ပေးလိုက်ခြင်းဖြစ်ပီး လေးဂွနှင့်လောက်စာလုံးတို့မှာ မီးပွိုင့်ဘောင်ပေါ်မှ တွေ့သဖြင့် ယူဆောင်လာခြင်းဖြစ်သည်ဟု ပြောသည် ။ ထို့နောက် ၎င်းတို့နှင့် သက်ဆိုင်ရာ ဌာနသို့ နီးရာ ရပ်ကွက်နေပြည်သူများ ဆက်သွယ်မေးမြန်းထားကြောင်း သိရသည်။ Photo - MPA #WeNews Credit: