
"အိန္ဒိယတွင် ဗီဇပြောင်းဗိုင်းရပ်စ်တွေ့ရှိပြီးနောက် ဘရာဇီး၊ တောင်အာဖရိကနှင့် ဗြိတိန်နိုင်ငံမှ ခရီးသည်များကို စစ်ဆေးမည်" ဗြိတိန်၊ တောင်အာဖရိကနှင့် ဘရာဇီးနိုင်ငံတို့တွင် တွေ့ရှိသော ပိုမိုကူးစက်လွယ် သည့် ဗီဇပြောင်းဗိုင်းရပ်စ်များ အား ထိန်းချုပ်ရန် ကြိုးပမ်းမှုအ တွင်း ယင်းနိုင်ငံများမှ တိုက်ရိုက် (သို့မဟုတ်) တိုက်ရိုက်မဟုတ်ဘဲ ရောက်လာသူများအား မဖြစ်မနေ ရောဂါစစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း အိန္ဒိယက ပြောကြားသည်။ အမေရိကန်နိုင်ငံပြီးနောက် ကမ္ဘာပေါ်တွင် COVID-19 ရောဂါကူးစက်မှု ဒုတိယအများ ဆုံးဖြစ်သော အိန္ဒိယတွင် တောင် အာဖရိက ဗီဇပြောင်းဗိုင်းရပ်စ်ကူး စက်ခံထားရသူလေးဦးကို ပြီးခဲ့ သည့်လက စစ်ဆေးတွေ့ရှိခဲ့ပြီး ဘရာဇီး ဗီဇပြောင်းဗိုင်းရပ်စ် ကူး စက်ခံထားရသူတစ်ဦးကို ယခုလ အတွင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ာင်အာဖရိကနှင့် ဘရာ ဇီး ဗီဇပြောင်းဗိုင်းရပ်စ်များသည် ဗြိတိန် ဗီဇပြောင်းဗိုင်းရပ်စ်ထက် လူအများ၏ အဆုတ်သို့ ပို၍ကူး စက်နိုင်ကြောင်း တွေ့ရှိထားသည် ဟု အိန္ဒိယအစိုးရက ပြောသည်။ အိန္ဒိယတွင် ယခုအထိ ဗြိတိန် ဗီဇပြောင်းဗိုင်းရပ်စ် ကူး စက်ခံထားရသူ ၁၈၇ ဦး တွေ့ရှိထားသည်။ ယင်းနိုင်ငံများမှ ဝင်ရောက် လာမည့် ခရီးသည်များ သီးခြားရှိ နေစေရေး လာမည့်သီတင်းပတ် တွင် လေကြောင်းလိုင်းများ လို အပ်မည်ဖြစ်ကြောင်း အိန္ဒိယ အစိုးရက ပြောကြားသည်။ Credit: