
မြန်မာပြည်သူများနှင့် အတူတကွ ရပ်တည်မည် ကနေဒါသံရုံး ထုတ်ပြန် ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၁ ရန်ကုန်နှင့် နိုင်ငံတစ်ဝှမ်း ဆန္ဒပြသူများကို အကြမ်းဖက်ခြင်း၊ အင်အားသုံး နှိမ်နှင်းခြင်းများ တိုးပွားလာခြင်း တို့ကြောင့် အသက်ဆုံးရှုံးခြင်းနှင့် ဒဏ်ရာရရှိခြင်းများ ဖြစ်ပွားရကြောင်း တွေ့ရှိရသည့်အတွက် ကနေဒါ သံရုံး အနေဖြင့် များစွာ ထိတ်လန့်တုန်လှုပ်မိပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အုပ်ချုပ်ရေး ပြန်လည်ရရှိရေးအတွက် ၎င်းတို့၏ လိုလားချက်များကို ထုတ်ဖော်ခြင်းဖြင့် ဆန္ဒပြရင်း အသက်ဆုံးရှုံးသွားရသူများ၊ ထိခိုက် ဒဏ်ရာ ရရှိကြရသူများနှင့် ကျွန်ုပ်တို့ ထပ်တူရှိနေပါသည်။ လက်နက်မဲ့ ဆန္ဒပြသူများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက အင်အားသုံးခြင်း၊ ဆန္ဒပြသူများ၊ နိုင်ငံရေးသမားများ၊ အစိုးရ ဝန်ထမ်းများ၊ အရပ်ဘက် တက်ကြွ လှုပ်ရှားသူများ၊ သတင်းထောက်များနှင့် ဒီမိုကရေစီ ဘက်တော်သား ခေါင်းဆောင်များကို ဖမ်းဆီးခြင်းများ၊ ထိန်းသိမ်းခြင်းများကိုလည်း ကျွန်ုပ်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို ဆန္ဒပြသူများအား တိုက်ခိုက်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခြင်းအား ယခုချက်ချင်းပင် ရပ်တန့်ရန်နှင့် ဖမ်းဆီးခံထားရသူများကို လွှတ်ပေးရန် ကနေဒါသံရုံးမှ တောင်းဆိုလိုက်သည်။ ယခုချက်ချင်းပင် အင်တာနက် အပြည့်အဝ ပြန်ပေးရန်နှင့် လူမှုကွန်ရက်ဆိုင်ရာ ပိတ်ဆို့ထားမှုများအား ပယ်ဖျက်ပေးရန်လည်း တောင်းဆိုလိုက်သည်။ ကနေဒါနိုင်ငံ၏ အစောပိုင်း ထုတ်ပြန်ချက်များနှင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် လတ်တလော ပြောကြားချက်ကို ထပ်လောင်း ပြောကြားလိုသည်။ ကနေဒါနိုင်ငံသည် မြန်မာပြည်သူများနှင့် အတူတကွ ရပ်တည်မည် ဖြစ်သည်။ #dvbtvnews #CandaEmbassy #Statement #Myanmar Credit: