No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

လက်ရှိ နိုင်ငံရေးအကျပ်အတည်းအပေါ် မြန်မာ့တပ် မတော်မှ အာဏာသိမ်းယူသည့် နည်းလမ်းဖြင့် ဖြေရှင်းခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ခေါင်းဆောင်များ က စုပေါင်း၍ ထုတ်ပြန်ကြေညာ သည်။ လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခင်းအကျင်းနှင့်ပတ် သက်၍ NCA လက်မှတ်ထိုး ၁၀ ဖွဲ့ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်း စဉ် ဦးဆောင်အဖွဲ့ (PPST) အထူးအစည်းအဝေးကို ဖေဖော်ဝါရီ ၂ရက်တွင် ကျင်းပပြီး အထက်ပါ အတိုင်း ထုတ်ပြန်ခဲ့သည်။ အာဏာသိမ်းလိုက်ခြင်း ကြောင့် နိုင်ငံအတွက် ကောင်းမွန် သည့် သက်ရောက်မှုမရှိလာနိုင် ကြောင်း PPST အစည်းအဝေး ပြောရေးဆိုခွင့်ရှိသူ ကရင်အမျိုးသားအစည်းအရုံး (KNU)အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောကြားသည်။ သို့ရာတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံး လက်ခံထားသည့် NCA အခင်းအကျင်းရှိနေသည့်အပေါ် ရှေ့ဆက်မည်သို့ ဆက်သွားမည်ဆိုသည်ကို ပိုမိုနားလည်နိုင်ရေး ကြိုးစားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ဖမ်းဆီးထိန်းသိမ်းထားသော ခေါင်းဆောင်များအားလုံး ကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုကြောင်း အပစ် ရပ် ၁၀ ဖွဲ့က တိုက်တွန်းထား သည်။ ‘‘ဒီခေါင်းဆောင်တွေက သာမန်ခေါင်းဆောင်တွေမဟုတ် ဘဲနဲ့ ကျွန်တော်တို့ ပြည်သူလူထု တွေရဲ့ ကိုယ်စားလှယ်တွေလည်း ဖြစ်တဲ့အတွက်ကြောင့် ပြီးတော့ တစ်ဖက်ကလည်း သူတို့ရဲ့ NLDပါတီ ခေါင်းဆောင်တွေနဲ့ပတ် သက်ပြီးတော့ လူထုကလည်း သူတို့ကို ဒီမိုကရေစီအရေးအပေါ်မှာ တက်တက်ကြွကြွ ဦးဆောင်နိုင် တယ်ဆိုတဲ့ အခြေခံအပေါ်မှာ မဲ ထည့်ထားတဲ့အခါကျတော့လည်း သူတို့ရဲ့ တရားဝင်မှုက နောက်ကွယ်မှာရှိနေတယ်။အဲဒီအတွက် ကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံ ထားရတဲ့ ခေါင်းဆောင်တွေအ ကုန်လုံးကို လွှတ်ပြီးတော့ ကျွန် တော်တို့နိုင်ငံရဲ့ ပြဿနာတွေ အကုန်လုံးကို အင်အားမသုံးဘဲ ဖြေရှင်းနိုင်တဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဆွေးနွေးအဖြေရှာဖို့ဆိုတာ ကျွန် တော်တို့ တိုက်တွန်းတယ်’’ဟု ပဒိုစောတာဒိုမူးက ပြောသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို NCA လမ်းကြောင်းအတိုင်း ရပ် တည်ပြီး ဆောင်ရွက်မည်ဖြစ် ကြောင်း၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ခြွင်းချက်မရှိ ကြေညာပေးရန် တိုက်တွန်း ကြောင်း အပစ်ရပ် ၁၀ ဖွဲ့က ထုတ်ပြန်သည်။ ကပ်ရောဂါ COVID-19 ကြောင့် လည်းကောင်း၊ လက်ရှိ နိုင်ငံရေး ပြဿနာအပေါ် အင်အားသုံး ဖြေရှင်းခြင်းကြောင့် လည်းကောင်း ပြည်သူလူထုတစ်ရပ်လုံး တွေ့ကြုံရသော အခက်အ ခဲများကို သဘောပေါက်နားလည် ပြီး ပြည်သူလူထုနှင့်အတူ ပူး ပေါင်းဖြေရှင်းမည်ဖြစ်ကြောင်း လည်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ ထို့အပြင် လက်ရှိဖြစ်ပေါ်နေသော ပြဿနာများဖြေရှင်းရန်အ တွက် ကမ္ဘာ့ကုလသမဂ္ဂအပါ အဝင် နိုင်ငံတကာ အသိုင်းအဝိုင်း က ပါဝင်ဖြေရှင်းပေးရန်လည်း အပစ်ရပ် ၁၀ ဖွဲ့က တိုက်တွန်းခဲ့ သည်။ အပစ်ရပ် ၁၀ ဖွဲ့အနက် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)သည် ၎င်းတို့၏ သဘောထားကို ထုတ်ပြန်ခဲ့ရာ တပ်မတော်က ဒီမိုကရေစီ အရပ်သားအစိုးရထံမှ အာဏာသိမ်းယူပြီး အရေးပေါ်အခြေအနေ ကြေညာလိုက်ခြင်းသည် ယုံကြည်မှု တည်ဆောက်ခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ထိခိုက်စေပြီးဒီမိုကရေစီနှင့် ဆန့်ကျင်သော ကြောင့် အာဏာသိမ်းခြင်းကို ကန့်ကွက်ကြောင်း ဖော်ပြခဲ့ သည်။ အစိုးရ၊ လွှတ်တော်၊ တပ် မတော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း များ ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်နေသော NCA နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့သည် ဤအာဏာသိမ်းခြင်းကြောင့် ရပ် ဆိုင်းသွားနိုင်ကြောင်း RCSS က ထုတ်ပြန်ခဲ့သည်။ Credit: