No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

တရုတ်နိုင်ငံ ဝူဟန်မြို့ကိုရောက်ရှိနေတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်အဖွဲ့ဟာ ၁၄ ရက်ကြာ အသွားအလာကန့်သတ်နေထိုင်မှု ဇန်နဝါရီ ၂၈ ရက်နေ့မှာ ပြီးဆုံးခဲ့ပြီဖြစ်ပြီး COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးမှု စတင်တော့မယ်လို့ သိရပါတယ်။ အမေရိကန်အစိုးရက ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို အားသွန်ခွန်စိုက်နဲ့ ရှင်းလင်းတိကျတဲ့ စုံစမ်းစစ်ဆေးမှုလုပ်ရန် တောင်းဆိုထားခဲ့ပါတယ်။ WHO အဖွဲ့ရဲ့ အစီအစဥ်အရ သုတေသနဌာနများ၊ ဆေးရုံများနဲ့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်း ကနဦး ကူးစက်ဖြစ်ပွားမှုနဲ့ ဆက်နွယ်နေတဲ့ ပင်လယ်စာဈေးမှ လူတွေကို တွေ့ဆုံမေးမြန်းမှု စတင်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ WHO ကျွမ်းကျင်ပညာရှင်တွေရဲ့ သုတေသနဟာ တရုတ်အစိုးရတာဝန်ရှိသူတွေ ထောက်ပံ့ပေးအပ်ထားတဲ့ သက်သေအထောက်အထားအပေါ် အမှီပြုသွားမယ်လို့ ဆိုပါတယ်။ ဝူဟန်မြို့မှာ ဗိုင်းရပ်စ်မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးမှုကို WHO နဲ့ တရုတ်အစိုးရကြား လနဲ့ချီ ဆွေးနွေးညှိနှိုင်းမှုအပြီးမှာ စတင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ Featured International News ဝူဟန်မှာရောက်နေတဲ့ WHO အဖွဲ့ ကွာရန်တင်းရက်ပြည့်ပြီး ဗိုင်းရပ်စ်မူလဇစ်မြစ် စုံစမ်းစစ်ဆေးမှု စတင်မည် ကိုရိုနာဗိုင်းရပ်စ်ဟာ ဝူဟန်မြို့ရှိ ဈေးတစ်ခုကနေ စတင်ပျံ့နှံ့လာခဲ့ကြောင်း ယူဆထားကြပါတယ်။ Ko John•1 hour ago တရုတ်နိုင်ငံ ဝူဟန်မြို့ကိုရောက်ရှိနေတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်အဖွဲ့ဟာ ၁၄ ရက်ကြာ အသွားအလာကန့်သတ်နေထိုင်မှု ဇန်နဝါရီ ၂၈ ရက်နေ့မှာ ပြီးဆုံးခဲ့ပြီဖြစ်ပြီး COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးမှု စတင်တော့မယ်လို့ သိရပါတယ်။ image (Photo: Hector Retamal/AFP) အမေရိကန်အစိုးရက ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို အားသွန်ခွန်စိုက်နဲ့ ရှင်းလင်းတိကျတဲ့ စုံစမ်းစစ်ဆေးမှုလုပ်ရန် တောင်းဆိုထားခဲ့ပါတယ်။ WHO အဖွဲ့ရဲ့ အစီအစဥ်အရ သုတေသနဌာနများ၊ ဆေးရုံများနဲ့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်း ကနဦး ကူးစက်ဖြစ်ပွားမှုနဲ့ ဆက်နွယ်နေတဲ့ ပင်လယ်စာဈေးမှ လူတွေကို တွေ့ဆုံမေးမြန်းမှု စတင်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ image International News ကိုရိုနာဗိုင်းရပ်စ် မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးမည့် WHO ပညာရှင်အဖွဲ့ တရုတ်သို့ရောက်ရှိနေပြီဖြစ် Ko John•2 weeks ago image International News ကိုရိုနာဗိုင်းရပ်စ် မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးမယ့် WHO အဖွဲ့ ဇန်နဝါရီ ၁၄ ရက်မှာ ရောက်ရှိမည်ဟု တရုတ်ပြော Ko John•3 weeks ago ကိုရိုနာဗိုင်းရပ်စ် အငြင်းပွားမှုတွေအလယ်က ဝူဟန်ဓာတ်ခွဲခန်း WHO ကျွမ်းကျင်ပညာရှင်တွေရဲ့ သုတေသနဟာ တရုတ်အစိုးရတာဝန်ရှိသူတွေ ထောက်ပံ့ပေးအပ်ထားတဲ့ သက်သေအထောက်အထားအပေါ် အမှီပြုသွားမယ်လို့ ဆိုပါတယ်။ ဝူဟန်မြို့မှာ ဗိုင်းရပ်စ်မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးမှုကို WHO နဲ့ တရုတ်အစိုးရကြား လနဲ့ချီ ဆွေးနွေးညှိနှိုင်းမှုအပြီးမှာ စတင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ image (Photo: Hector Retamal/AFP) နိုင်ငံတကာမှ သိပ္ပံပညာရှင် ၁၃ ဦးပါဝင်တဲ့ WHO ကျွမ်းကျင်သူအဖွဲ့ဟာ တရုတ်အလယ်ပိုင်းရှိ ဝူဟန်မြို့သို့ ဇန်နဝါရီ ၁၄ ရက်နေ့မှာ ရောက်ရှိခဲ့ကြပြီး COVID-19 ကူးစက်မှုထိန်းချုပ်ရေး စည်းမျဥ်းအရ ဟိုတယ်မှာ ၁၄ ရက်ကြာ အသွားအလာကန့်သတ်နေထိုင် (ကွာရန်တင်းဝင်) ခဲ့ကြပါတယ်။ ထိုအတောအတွင်း တရုတ်မှာ COVID-19 ကြောင့် သေဆုံးခဲ့သူတွေရဲ့ ဆွေမျိုးသားချင်းတွေက WHO ကျွမ်ကျင်းပညာရှင်အဖွဲ့နဲ့ တွေ့ဆုံနိုင်ရန် မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။ COVID-19 ကြောင့် ယမန်နှစ် ဖေဖေါ်ဝါရီလအတွင်း ဖခင်ဖြစ်သူ သေဆုံးခဲ့တဲ့ Zhang Hai အမည်ရှိ ဝူဟန်မြို့ခံတစ်ဦးက ၎င်းအနေနဲ့ WHO နဲ့ စကားပြောရန် မျှော်လင့်ထားပြီး ၎င်းတို့ရဲ့ စုံစမ်းစစ်ဆေးမှုကို ကူညီပေးနိုင်ကြောင်း BBC သတင်းဌာနကို ပြောခဲ့ပါတယ်။ WHO အဖွဲ့ဟာ ဇန်နဝါရီ ၂၈ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းမှာ ၎င်းတို့ရဲ့ ဟိုတယ်ကနေ ဘတ်စ်ကားတစ်စီးဖြင့် ထွက်ခွာသွားခဲ့ကြပြီး သတင်းထောက်တွေနဲ့ စကားပြောခဲ့ခြင်းမရှိပါဘူး။ WHO အဖွဲ့ တရုတ်သို့ရောက်ရှိနေစဥ် နိုင်ငံမြောက်ပိုင်းမှာ ကူးစက်မှုများ တစ်ကျော့ပြန် မြင့်တက်နေချိန်နဲ့လည်း တိုက်ဆိုင်နေခဲ့ပါတယ်။ COVID-19 စတင်တွေ့ခဲ့ရတဲ့ ဝူဟန်မြို့မှာတော့ အခြားနေရာတွေနဲ့ နှိုင်းယှဥ်ပါက ပုံမှန်အခြေအနေ ပြန်ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။ "ဘာဖြစ်ခဲ့တယ်ဆိုတာ အပြည့်အစုံ မသိနားမလည်ခင် အလွန်ရှည်ကြာတဲ့ခရီးတစ်ခု ဖြစ်နိုင်ပါတယ်၊ ဒီ ကနဦးမစ်ရှင်အပြီးမှာ ရှင်းလင်းတဲ့အဖြေတွေ ကျွန်တော်တို့ ရလိမ့်မယ်လို့ မထင်ပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ အဖြေတွေရဖို့ လမ်းကြောင်းပေါ်မှာရှိနေပါမယ်" လို့ WHO အဖွဲ့ခေါင်းဆောင် Peter Ben Embarek က တရုတ်ခရီးစဥ်မတိုင်မီ AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်အလယ်ပိုင်း ဟူးဘေးပြည်နယ် ဝူဟန်မြို့ရှိ ပင်လယ်စာနဲ့ တောရိုင်းတိရိစ္ဆာန်များ ရောင်းချနေတဲ့ ဈေးတစ်ခုကနေ စတင်ပျံ့နှံ့လာခဲ့ကြောင်း ယူဆထားကြပါတယ်။ အမေရိကန်အပါအဝင် အနောက်အုပ်စု နိုင်ငံအချို့ကတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဝူဟန်မြို့ရှိ အရေးပါတဲ့ တရုတ်ဓာတ်ခွဲခန်းကနေ ထွက်လာခဲ့တယ်လို့ ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ ၂၀၂၀ မှာ ချန်ထားခဲ့လို့မရတဲ့အရာ သို့မဟုတ် ကိုဗစ်ကပ်ရောဂါ ထို့နောက် ဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို ရှာဖွေဖော်ထုတ်ရန် ဆောင်ရွက်လာမှုနဲ့အတူ တင်းမာမှုတွေ ဖြစ်လာခဲ့ပြီး အထူးသဖြင့် တရုတ်နဲ့ အမေရိကန်တို့ကြား ထင်မြင်ယူဆချက်ကိုယ်စီဖြင့် အပြန်အလှန် အပြစ်တင်ကာ ဆက်ဆံရေးတင်းမာမှုရှိခဲ့ပါတယ်။ COVID-19 ကပ်ရောဂါဟာ ယခုအခါ ကမ္ဘာတစ်ဝန်း လူဦးရေ သန်း ၁၀၀ ကျော်ကို ကူးစက်သွားခဲ့ပြီး သေဆုံးသူ ၂ သန်းကျော်ပြီ ဖြစ်ပါတယ်။ Creitd: