
လားရှိုးမြို့က သပိတ်ကို ပထမဦးဆုံးအကြိမ် ပစ်ခတ်ဖြိုခွင်း .......... ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ငြိမ်းချမ်းစွာ သပိတ်မှောက်နေကြတဲ့ တိုင်းရင်းသားပြည်သူလူထုတွေကို ဒီကနေ့ ဖေဖဝါရီလ (၂၈)ရက်နေ့ မနက်က ပထမဦးဆုံးအကြိမ် ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် လားရှိုးမြို့မှာ (၅)ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်းထားပြီး ရှမ်းပြည်နယ်တစ်ခွင်လုံးမှာတော့ အယောက်(၁၀၀)ဝန်းကျင် သိမ်းထိန်းခံထားရပါတယ်။ #dvbtvnews #lashio #crackdown #WhatishappeninginMyanmar Credit: