No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

🟢 ဖမ်းဆီးထားတဲ့ မူဆယ်က လူငယ်တွေကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်၊ ခရိုင်လဝကရုံးကို လူထုတွေက ဖျက်ဆီး ရွှေဖီမြေ၊ မတ်လ ၂၉ ရက်၊ မူဆယ် မူဆယ်မြို့မှာ ဒီနေ့ ဖမ်းဆီးထားတဲ့ လူငယ်တွေကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတာကြောင့် လူထုတွေက ခရိုင်လဝကရုံးကို သွားရောက် ဖျက်စီးခဲ့ပါတယ်။ ရုံးစာရွက်စာတမ်းတွေကိုတော့ ဖျက်စီးတာတွေ လုပ်ဆောင်ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။ ဖမ်းဆီးခံထားရတဲ့ လူငယ်တွေကို ပြန်လွတ်ပေးဖို့နဲ့ မလွတ်ပေးရင် တန်ပြန်လုပ်ဆောင်မှုအနေနဲ့ အစိုးရရုံးတွေကို ဖျက်ဆီးပစ်မယ်လို့ လူထုတွေက ပြောပါတယ်။ ဒီနေ့ မတ်လ ၂၉ ရက် မနက်ပိုင်းက ရဲနဲ့ စစ်ကောင်စီတပ်က ဆန္ဒပြလူထု (၂၀)ထက်မနည်း ဖမ်းဆီးထားတာပဲ ဖြစ်ပါတယ်။ #ဆန္ဒပြလူငယ် #ဖမ်းဆီးခံရ #ခြိမ်းခြောက် #လဝကရုံး #ဖျက်စီး #မူဆယ် #ဓာတ်ပုံ- CJ https://www.facebook.com/451214215694715/posts/923078945174904/ Credit: