
သထုံက ဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲမှု PDF ငြင်းဆို ~~~~~~ ■ မွန်ပြည်နယ် သထုံမြို့နယ်က ဓာတ်ငွေ့ပိုက်လိုင်းတစ်ခု ဇူလိုင်လ ၂၇ ရက်ညနေက ဖျောက်ခွဲဖျက်ဆီးခံရတာဟာ သူတို့လက်ချက်မဟုတ်ဘူးလို့ ဒေသခံ PDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ဒီနေ့ညနေက ပြောပါတယ်။ သထုံမြို့နယ် ဝင်းစိန်ရွာနဲ့ စခန်းကြီးရွာကြားက သွယ်တန်းထားတဲ့ အဲဒီဓာတ်ငွေ့ပိုက်လိုင်းတစ်ခုကို PDF အဖွဲ့က ဖောက်ခွဲဖျက်ဆီးလိုက်တယ် ဆိုပြီး ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာနဲ့ ပတ်သက်လို့ သထုံမြို့နယ်က PDF တပ်ဖွဲ့ဝင်တစ်ဦးကို RFA က မေးမြန်းခဲ့ရာမှာ သူတို့လက်ချက် မဟုတ်ကြောင်း ငြင်းဆိုခဲ့တာဖြစ်ပါတယ်။ “သူတို့ဘာသာ လုပ်ကြံပြီး PDF ကိုထိုးချတာ။ နိုင်ငံတကာမှာ မျက်နှာ ရချင်တိုင်း PDF ဆိုတာကို အလွဲသုံးစားလုပ်နေတာ” အဲဒီဓာတ်ငွေ့ပိုက်လိုင်းက ပြည်တွင်းသုံး ဓာတ်ငွေ့ပိုက်လိုင်းတစ်ခုဖြစ်ပြီး လူမှုကွန်ရက်မှာပျံ့နှံ့နေသလို ထိုင်းနိုင်ငံနဲ့ ဆက်သွယ်ထားတဲ့ ပိုက်လိုင်း မဟုတ်ဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။ အဲဒီဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲတာဟာ စစ်ကောင်စီရဲ့ လက်ချက်လို့ PDF အဖွဲ့ဝင်တွေက ပြန်လည်ပြောဆိုကြပေမယ့် ဘယ်သူ့လက်ချက်ဖြစ်တယ် ဆိုတာကိုတော့ RFA က အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ Credit: