No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အုပ်ချုပ်ရေးမြို့တော် နေပြည်တော်မှာဆို ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ရေပိုက်နဲ့ ထိုးပြီး ဖြိုခွင်းသလို ရုတ်ရင်းဆန်ခတ်မှုတွေ ရှိတဲ့အခါမှာ တော့ ရာဘာကျည်ပစ်ဖောက်ပြီး ဖြိုခွင်းခဲ့တယ်လို့ 7DayTV သတင်းထောက် သတင်းပေးပို့ပါတယ်။ နေပြည်တော်ရဲ့ အချက်အခြာနေရာဖြစ်တဲ့ သပြေကုန်းအဝိုင်းအနီးမှာ ဒုတိယမြောက်နေ့အဖြစ် ဒီနေ့ မနက်ပိုင်းကစပြီး အင်နဲ့ အားနဲ့ ဆန္ဒပြခဲ့ကြတာပါ။ ဒီလိုဆန္ဒပြတာကို ရဲတပ်ဖွဲ့က မနက် ၉ နာရီလောက်စပြီး လူစုခွဲပေးဖို့ လူစုမခွဲရင် ဖြိုခွင်းရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ အဲ့ဒီနောက် မွန်းတည့် ၁၂ နာရီလောက်မှာတော့ ရဲတပ်ဖွဲ့ဟာ သူတို့တားထားတဲ့ ပထမစည်းကို ကျော်လာပြီး စတင်ဖြိုခွင်းပါတော့တယ်။ ဖြိုခွင်းရာမှာ ဆန္ဒပြတဲ့သူတွေဘက်ကို တုံ့ပြန်တဲ့အခါ ရာဘာကျည်နဲ့ပစ်ခတ်မှုရှိတယ်လို့ သိရပါတယ်။ ဒီလိုဖြိုခွင်းပြီးတဲ့အခါ လူအုပ်ကျဲသွားပေမယ့် ဆက်လက်ပြီး ဆန္ဒထုတ်ဖော်နေဆဲလို့သိရပါတယ်။ Credit: