No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

စိုက်ပျိုးရေးနဲ့ဆည်မြောင်းဝန်ကြီးဌာနက ဝန်ထမ်းအချို့ ဖဲကြိုးနီလှုပ်ရှားမှု စတင် ဖေဖေါ်ဝါရီ-၄၊ ၂၀၂၁ စိုက်ပျိုးရေးနဲ့ဆည်မြောင်းဝန်ကြီးဌာနက ဝန်ထမ်းအချို့လည်း ဖဲကြိုးနီလှုပ်ရှားမှု Red Ribbopn Campaign မှာ ပါဝင်ပြီလို့ သိရပါတယ်။ နေပြည်တော် စိုက်ပျိုးရေးနဲ့ဆည်မြောင်းဝန်ကြီးဌာနရုံးက ပြည်သူ့ဝန်ထမ်းအချို့က ဒီလှုပ်ရှားမှာ စတင်ပါဝင်ကြောင်း ဓာတ်ပုံတွေနဲ့အတူ ဆိုရှယ်မီဒီယာမှာ ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ့ဝန်ထမ်းတွေက အာဏာသိမ်းအစိုးရရဲ့ အမိန့်တွေကို ဆန့်ကျင်တဲ့အနေနဲ့ လူထုအာခံလှုပ်ရှားမှာ People Disobedient Movement ကို စတင်နေကြတာပါ။ ဒီလှုပ်ရှားမှုကို ထောက်ခံတဲ့အနေနဲ့ ရုံးတွေမှာ ကျန်ရှိနေတဲ့ အစိုးရဝန်ထမ်းအချို့ကလည်း ဖဲကြိုးနီလှုပ်ရှားမှုကို စတင်ကြတာ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေက ဖေဖေါ်ဝါရီ ၃ ရက် က စပြီး လူထုအာခံလှုပ်ရှားမှုကို စတင်ခဲ့ကြတာပါ။ Crd