No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ကိုဗစ်ကာကွယ်ဆေး မြန်မာနိုင်ငံကို ရောက်ပြီ အိန္ဒိယ အစိုးရ က မြန်မာအစိုးရ ကို လက်ဆောင်အနေနဲ့ ပေးအပ်တဲ့ ကိုဗစ် ကာကွယ်ဆေး အလုံးရေ တစ်သန်းခွဲဟာ ဒီနေ့ မွန်းလွဲပိုင်း မှာ ရန်ကုန် လေဆိပ်ကိုရောက်ရှိလာပါပြီ။ ဒီနေ့ရောက်လာတဲ့ ဆေးဟာ အစိုးရ ချင်းလက်ဆောင်ပေးအပ်တဲ့ ဆေးဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံရုံးကနေ သိရပါတယ်။ မနေ့က ညပိုင်းကပြောကြားတဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိန့်ခွန်းမှာလည်း လူဦးရေ ၇ သိန်းခွဲစာအတွက် ဆေးအလုံးရေ ၁ သန်းခွဲ ဟာ ဒီနေ့ ရောက်လာမယ်လို့ ဆိုထားပါတယ်။ ဒါအပြင် မြန်မာ ဟာ အိန္ဒိယ နိုင်ငံ ထုတ် ကိုဗစ်ကာကွယ်ဆေး ဖြစ်တဲ့ covishieldဆေး ကို လူဦးရေ ၁၅ သန်းစာအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ဖိုး ဝယ်ယူထားပါသေးတယ်။ ဆေးဝယ်ယူဖို့အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယကို သွားရောက်ကာ စာချုပ်ချုပ်ဆိုထားတာဖြစ်ပါတယ်။ ဝယ်ယူထားတဲ့ ဆေးတွေကတော့ မြန်မာနိုင်ငံ ကို လာမယ့်ဖေဖော်ဝါရီလအတွင်းရောက်လာဖို့ ခန့်မှန်ထားတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောထားပါတယ်။ ဆေးရောက်လာရင်ဦးစားပေးအစုအဖွဲ့ဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ထိုးပေးမှာဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျန်းမားရေးဝန်ထမ်းဦးရေဟာ တစ်သိန်းတစ်သောင်းကျော်ရှိတယ်လို့ ဆိုပါတယ်။ အိန္ဒိယ နိုင်ငံထုတ် covishield ဆေးဟာ မြန်မာနိုင်ငံမှာ သိုလှောင်နိုင်တဲ့အခြေအနေ လည်းရှိတယ်လို့ သိရပါတယ်။ covishieldဆေး ဟာ ဗြိတိန် ရဲ့နာမည်ကျော်ဆေးဝါး ကုမ္ပဏီ AstraZenecaနဲ့ သဘောတူညီမှု ရယူပြီး အိန္ဒိယရဲ့ Serum Instituteက ထုတ်လုပ်တဲ့ဆေးဖြစ်ပါတယ်။ ဓာတ်ပုံ - ယဉ်မွန် Credit: