No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဒီနေ့ ကျောက်စိမ်းတောင်ကို သွားရတဲ့ အကြောင်းရင်းက သတင်းမှန်နဲ့ ထူးခြားတဲ့ အကြောင်းကိစ္စနဲ့ ရောက်ဖြစ်သွားခြင်းပါ။ ကျောက်စိမ်းထွက်တဲ့ တောင်က ကျောက်မီးတောင်လို့ခေါ်ပါတယ်၊ မိုးကောင်းမြို့နယ်၊ အင်းကြင်းကုန်းကျေးရွာ ၊ ချောင်းဝ ( အင်းတော်ကြီး ) အနောက်ဘက်သွားတဲ့လမ်းကနေ့ ၆ မိုင် ခရီးကို တောင်တက်၊ တောင်ဆင်း ခပ်ကြမ်းကြမ်း ဆိုင်ကယ်စီးရပါမယ်၊ တစ်ချို့နေရာ အဆင်းဇောက်သလို့ အတက်မတ်ပါတယ်၊ ၎င်းကျောက်သည် ကညင်မြိုင်ကျေးရွာ မှာ မဟုတ်ပါ၊ ကညင်မြိုင်မှ တောင်ဘက်သို့ ပြည်ထောင်စု လမ်းမ အတိုင်းသွားရပါတယ်၊ ပြီးမှ ပင်ဘောအနီးက အင်းကြင်းကုန်းကျေးရွာ ကိုရောက်ရင် ချောင်းဝဘက်လမ်းကနေသွားရခြင်း ဖြစ်ပါသည်။ အင်းကြင်းကုန်မှ ၆မိုင်လောက် ခရီးနှင့်ပြီးမှ ဇလွန်ကွင်းရောက်ရင် လမ်းဘယ်ဘက်မှ အခင်းတဲများတွေ့ရင် ဦးအောင်ခိုင် + မခင်ချိုဦး တဲကို မေးပြီး ခရီးဆက်နိူင်ပါသည်။ တောင်တက်ဖို့ တစ်နာရီနီးပါး အချိန်ပေးရပါမယ်၊ တောင်ပေါ်မှာ သဘာဝဓါတ်ငွေ့ထွက်ရှိနေသောကြောင့် ဆေးလိပ်မီး လျှောက်မပစ်ဖို့ ပြောပါရစေ၊ ကျောက်စိမ်းတုံးကို မတွေ့ရခင် သဘာဝ ဓါတ်ငွေ့ မြေကြီးထဲမှာ ထွက်နေတာကို တွေ့ရပါလိမ့်မယ်၊ သဘာဝ ဓါတ်ငွေ့ထွက်တဲ့ နေရာရဲ့ ဘယ်ဘက်အောက်ဆင်းရင် ကျောက်မဏ္ဍပ်ခေါ် ကျောက်စိမ်းတောင်ကို တွေ့ရမှာပါ။ ကာလာ အနေအထားက ကျောက်စိမ်းနဲ့ အတော်တူပါတယ်၊ သို့ပေသည် ကျောက်စိမ်းအနွယ်ဝင်မဟုတ်ပါ။ ကျောက်စိမ်းမှ ပထော့ ၊ ပလွမ့် အဆင့် ကိုတောင် မမီပါ၊ အင်္ဂလိပ်ခေတ်က ( ဒုတိယ ကမ္ဘာစစ် ) ကျောက်မဏ္ဍပ် ဘေးက တောင်မှာ စစ်စခန်း တည်ဆောက်ထားသော စခန်းကုန်းရှိနေပါတယ်၊ ( ဒေသခံ အပြော ) သံတို ၊ သံစ အများ အပြားရှိနေသေးတယ် ပြောပြပါတယ်။ ဒီနေ့ည အိမ်ပြန်ခရီးက ည ၉ နာရီကျော်ပါတယ်၊ ခုမှ ကျောက်စိမ်းတောင်ကိစ္စ ဖွင့်ချပြချင်လို့ ရောက်ရောက်ချင်း ရှင်းပြရခြင်းဖြစ်ပါသည်။ လိုက်ပါ ပို့ဆောင်ပေးသောဦးစိန်အောင်အင်းကြင်းကုန် ကျေးရွာဦးစိုးစိုး အုပ်ချုပ်ရေးမှုး အင်းကြင်းကုန် ကျေးရွာတို့အား ကျေးဇူးတင်ရှိပါသည်။ #စောမင်းဖြူ#မိုးကောင်းကျောက်စိမ်းတောင်#အင်းကြင်းကုန်းကျေးရွာ#ကချင်ပြည်နယ်,၁၃/၁/၂၀၂၁ Credit: