
ကုလသမဂ္ဂရုံးရှေ့ ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က ဖြိုခွင်း ================================ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ ကုလသမဂ္ဂရုံးရှေ့ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် လက်နက်အသုံးမပြုခဲ့ဘဲ ယင်းတို့၏ ဒိုင်းများကို တီးကာ ညာသံပေးဖြိုခွင်းခဲ့ကြောင်း မြင်တွေ့ရသည်။ ဆန္ဒပြသူများကလည်း ထိပ်တိုက် ရင်မဆိုင်ခဲ့ဘဲ လူစုခွဲခဲ့ကြောင်း သိရသည်။ ကောင်းမြတ်ရာ (သတင်း/ဓာတ်ပုံ) Credit: