No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

On This day: အတိတ်ကဒီနေ့ ဇြန္လ ၁ဝ ရက် ၂ဝ၁၂ ခုနှစ် ရခိုင်ပြည်နယ်တွင်အဓိကရုဏ်းဖြစ်ပွား အရေးပေါ်အမိန့်ကြေညာ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းသည် ဘာသာရေးဝိရောဓိကြောင့်ခန့်မှန်းရပြီး အကြောင်းရင်းအမှန်ကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။ အထောက်အထားများအရ ၂ဝ၁၂ ခုနှစ် မေလကတည်းကအစပျိုးခဲ့သည်ဟု ယူဆရပြီး အခြေအနေတင်းမာလာသည့်နောက်တွင် တဖက်နှင့် တဖက်ဆန္ဒပြဆန့်ကျင်ခြင်း၊ အိမ်ခြေများမီးရှိှုှု့ခြင်း၊ ဖုန်းများဖျက်ဆီးခြင်းအထိဆိုးရွားလာခြင်းကြောင့် မြန်မာအစိုးရမှ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခဲ့သည်။ ဆက်လက်ပြီး အစိုးရမှလုံခြုံရေးအကြောင်းပြချက်ဖြင့် စစ်အင်အားတိုးချဲ့လိုက်ပြီး အိမ်ခြေမီးရှို့ခံရ သည့်ပြည်သူများအတွက် စစ်ဘေးရှောင်စခန်းဆောက်လုပ်ပေးခဲ့သည်။ ထို့နောက် ၂ဝ၁၂ ခုနှစ် ဇွန်လ ၁ဝ ရက်နေ့တွင် ပြည်နယ်အတိုင်းအတာဖြင့် အရေးပေါ်အမိန့်ကြေညာခဲ့ပြီးနောက် ပြည်သူ ၅ ထောင်ကျော်စစ်ဘေးရှောင်စခန်းသို့ရွှေ့ပြောင်းခဲ့ရပြီး တချို့မှာအခြားနေရာများသို့ရွှေ့ပြောင်းခဲ့ရ သည်။ အဆိုပါဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံတွင် ၂ဝ၁၂ ခုနှစ် အောက်တိုဘာလ၌ မျက်နှာချင်းမှုဖြစ်ပွားခဲ့ပြီး ၂ဝ၁၃ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံရှိ ဒုက္ခသည်များကြားတင်းမာမှုဖြစ်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအရေးကိုအနီးကပ်စောင့်ကြည့်ဖို့ ကြေညာခဲ့သည်။ ထို့ပြင် အိမ်နီးချင်းနိုင်ငံများကလုံခြံရေး တင်းကြပ်ထာပြီး ဒုက္ခသည်တချို့ကို မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ခဲ့သည်။ တချိန်တည်းတွင် အကြမ်းဖက်မှုဖြစ်ပွားလာအောင် လှုံ့ဆော်ကြံဆည်သည်ဟုဆိုပြီး မြန်မာအစိုးရကို ဆန့်ကျင်ဆန္ဒပြမှု များလည်းရှိခဲ့သည်။ #MyanmarLiveTH #MyanmarLiveCo #MyanmarLive #Myanmar #Thailand #LifeOnThisDay Credit: