ရန်ကုန်မြို့ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့အင်အား အများအပြားနဲ့ တားဆီးပိတ်ဆို့ ————————- စစ်အာဏာသိမ်းမှု (၉)ရက်မြောက်နေ့ မှာတော့ ရန်ကုန်မြို့ လှည်းတန်းမှာ ဆန္ဒပြနေတဲ့ လူအင်အား သောင်းကျော်ကို ရဲတပ်ဖွဲ့အင်အား အများအပြားနဲ့ တားဆီးပိတ်ဆို့ထားလျှက်ရှိပါတယ်။ ဖေဖော်ဝါရီလ (၈)ရက်နေ့ညက လူ (၅)ဦးဖြစ်စေ (၅)ဦးထက်ပိုသောသူများမစုဝေးရနဲ့ ည(၈)နာရီကနေ မနက်(၄)နာရီထိ ညမထွက်ရအမိနိ့ထုတ်ပြန်ကြေညာပြီးနောက်မှာတော့ ဒီကနေ့ ဆန္ဒပြမှုမှာ ရဲတပ်ဖွဲ့တွေအနေနဲ့ လုံခြုံရေးအင်အားအပြည့်ချထားတာလည်းဖြစ်ပါတယ်။ ရဲတပ်ဖွဲ့အင်အားအပြည့်ချထားပေမယ့် ဆန္ဒပြသူတွေကတော့ လူစုကွဲသွားတာမျိုးမရှိသေးပါဘူး။ ဓာတ်ပုံ - ဝင်းလွင် Credit:
